Breaking

Sunday, October 13, 2019

ခင်ပွန်းအတွက် ရွှေအစစ်နဲ့လုပ်ထားတဲ့ မျက်မှန် လက်ဆောင်ပေးခဲ့တဲ့ ရွှေမှုံရတီ

 အဆိုတော်ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ၊ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးကို ဖန်တီးပြီး နှစ်ကိုယ်တူ အနာဂတ်ခရီးကို လျှောက်လှမ်းနေကြတာပါ။ တစ်ယောက်ကိုတစ်ယောက် ကြင်နာတတ်လွန်းတဲ့သူတို့နှစ်ဦးရဲ့ ကြည်နူးဖွယ် အပြုအမူလေးတွေကြောင့်လည်း ရွှေနှစ်ရွှေမောင်နှံရဲ့အကြောင်းက ပရိသတ်တွေရဲ့ကြားမှာ တော်တော်လေးကို ရေပန်းစားနေတာပါ။ လတ်တလောမှာတော့ ရွှေမှုံလေးက ခင်ပွန်းသည် ရွှေထူးကို ရွှေအစစ်နဲ့လုပ်ထားတဲ့ မျက်မှန်လေး လက်ဆောင်ပေးခဲ့တဲ့အကြောင်း ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ ခင်ပွန်းရဲ့ လိုအပ်ချက်တွေကို အမြဲ ဖြည့်ဆည်းပေးနေတဲ့ ရွှေမှုံလေးကတော့ တကယ့်ဇနီးကောင်းပါပဲနော်။


 ရွှေမှုံလေးကတော့ "ရွှေအစစ်ကိုကွယ် လုပ်လည်း လုပ်တတ်တယ် For my love" ဆိုပြီး ခင်ပွန်းကိုပေးခဲ့တဲ့ လက်ဆောင်အကြောင်း ပြောထားတာပါ။ ခင်ပွန်းရဲ့ လိုအပ်ချက်တွေကို အသေးစိတ်ကအစ ဂရုစိုက်တတ်လွန်းသူကြီး ရွှေမှုံပါပဲနော်။ရွှေအစစ်နဲ့လုပ်ထားတဲ့ မျက်မှန်လေး ခင်ပွန်းကို လက်ဆောင်ပေးခဲ့တဲ့ ရွှေမှုံရတီရဲ့ဗီဒီယို



အနုပညာမှာ ပါရမီပါပြီး ထူးချွန်တဲ့ရွှေနှစ်ရွှေကတော့ မတူညီတဲ့ အနုပညာ​​လောကမှာ ကိုယ်စီအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းချစ်စရာကောင်းတဲ့ ရွှေနှစ်ရွှေစုံတွဲချစ်တယ်ဆိုရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Shwe Mhone Yati's Facebook

POPULAR POSTS

ads