စကားပြောရင် ပွင့်ပွင့်လင်းလင်းနဲ့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ မင်းသမီးချောလေး ဆုအိမ့်စံကတော့ အေးချမ်းတဲ့ မျက်နှာလေးနဲ့ အချိုးအစားကျတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားသူလေးပါ ။ လတ်တလောမှာတော့ ဆုအိမ့်စံက လူငယ်ဆန်ဆန် ဖက်ရှင်လေးနဲ့ လှချင်တိုင်း လှနေတဲ့ သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မှိန်ဖျဖျ အလင်းရောင်လေးအောက်မှာတောင် တောက်ပနေတဲ့ ဘေဘီဆုလေးရဲ့ပုံရိပ်တွေက အရမ်းကို လှနေတာပါနော်။
ဆုအိမ့်စံလေးကတော့ 'တခါတလေတော့လည်း.... " ဆိုပြီး ချစ်စရာကောင်းတဲ့ သူမရဲ့အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ အချစ်ရေးမှာ ကံမကောင်းတတ်တဲ့ ဆုအိမ့်စံကတော့ တလောကလည်း သူမအပေါ်ပြောင်းလဲသွားတဲ့သူကြောင့် ဝမ်းနည်းရတဲ့ အချစ်ရေးနဲ့ ကြုံတွေ့ခဲ့ရကြောင်းကို ပရိသတ်တွေကို ဝေမျှပေးခဲ့ပါသေးတယ်။အသည်းကွဲပြီးမှ ပိုပိုလှလာတဲ့ ဘေဘီဆုလေး...။
သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ ဆုအိမ့်စံကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကို အပြည့်အဝရရှိထားတဲ့ ဆုအိမ့်စံရဲ့အချစ်ရေးကတော့ တစ်ယောက်တည်းပဲ ရှေ့ဆက်နေတယ်လို့လည်း သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းတဲ့ ဘေဘီဆုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Hsu Eaint San's Facebook
Tuesday, October 22, 2019
မှိန်ဖျဖျ မီးရောင်လေးအောက်မှာတောင် ထင်ရှားနေတဲ့ ဆုအိမ့်စံရဲ့အလှပုံရိပ်တွေ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity