ခိုင်နှင်းဝေက သူမရဲ့ ဂေဟာ မှ ကလေးတွေနဲ့ BOX 88 ရုပ်ရှင် ကားကြီး VIP Showကို တက်ရောက်ခွင့်ရလို့ ပျော်ရွှင်နေခဲ့တာပါ။သူမရဲ့ ဂေဟာမှ ကလေးတွေ နဲ့ BOX 88 ရုပ်ရှင် ကားကြီး VIP Showကို တက်ရောက်တဲ့အခါမှာ အဆင်မှပြေပါ့မလားလို့ စိုးရိမ်စိတ်ဖြစ်ခဲ့ပုံနဲ့ သူမရဲ့ ကလေးတွေကို အနုပညာ မောင်နှမတွေ က ချစ်ပေးကြလို့ ဝမ်းသာ ပီတိဖြစ်ရတဲ့ အကြောင်းကို ခုလို ပြောထား ပါတယ်။
” ကျမ ချစ်တဲ့ အနုပညာ မောင်နှမတွေ က ကျမ သားသမီးလေးတွေ ကို ချစ်နေကြတဲ့ မြင်ကွင်းက ကျမ တွက် စကားလုံးရှာမရနိုင်အောင်ကို ပီတိဖြစ်လိုက်တာပထမဆုံး အကြိမ် ကလေးတွေ နဲ့ ပွဲတက်တဲ့အချိန် အဆင်ကောပြေပါ့မလားလို့ စိုးရိမ် စိတ်ဖြစ်ခဲ့ရတာတွေက အခုလိုလေးတွေ မြင်ရတော့ ကျမလေ ပြုံး နေမိတာ ညဘက်အိပ်တဲ့အချိန်ထိကို ပင်ပန်းရကောင်းမှန်းမသိ ကြည်နူးမှုတွေနဲ့ ပြည့်နေခဲ့ရတယ်” ဆိုပြီး ခိုင်နှင်းဝေ က ပြောထားပါတယ်။ပရိသတ်ကြီးလည်း ခိုင်နှင်းဝေ နဲ့ တို့ရဲ့ ပုံရိပ်ကလေးတွေ ကို သဘောကျလိမ့်မယ် ထင်ပါတယ်။ကြည့်ရူပေးကြတဲ့ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
credit – momolay