နိုင်ငံကျော်အဆိုတော်ကြီး ချစ်ကောင်းရဲ့သမီးလေးအဖြစ် ပရိသတ်တွေ စတင်လက်ခံလာကြတဲ့ အဆိုတော် အိမ့်ချစ်ကတော့ လက်ရှိမှာ ဖခင်ခြေရာနင်းပြီး အောင်မြင်မှုတွေ များစွာ ရရှိနေပြီပဲ ဖြစ်ပါတယ်။ ညိုချောလေးလို့ ပရိသတ်တွေအားလုံးက ချစ်စနိုးလေး ခေါ်ဝေါ်ကြတဲ့ အိမ့်ချစ်ကတော့ လတ်တလောမှာ ပြည့်ပြည့်လေးနဲ့ ချစ်စရာကောင်းနေတဲ့ သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ တစ်စုံတစ်ယောက်ကြောင့် စိတ်ချမ်းသာရလို့ ဖက်တီးလေး ဖြစ်လာတယ်ဆိုတဲ့ အဆိုတော်မလေး အိမ့်ချစ်ကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတာပါနော်။
အိမ့်ချစ်ကတော့ "ကိုယ်မင်းကြောင့် စိတ်ချမ်းသာရလို့ ဖက်တီးလေးတောင်ဖြစ်နေပြီ ဖက်တီးလေးဖြစ်လဲဆက်ချစ်နေပေးပါဦးနော်လို့ 💛" ဆိုပြီး သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ လူငယ်ပေမယ့် ကြိုးစားချင်စိတ်အပြည့်အဝရှိတဲ့ အိမ့်ချစ်ကတော့ ကိုယ့်ဒူးကိုယ်ချွန်ပြီး မိသားစုကို အလုပ်အကျွေးပြုနေတဲ့ သမီးလိမ္မာလေးပဲ ဖြစ်ပါတယ်။နည်းနည်းလေးပြည့်လာတော့ ပိုတောင်ချစ်စရာကောင်းနေသေးတယ် အိမ့်ချစ်ရယ်...။
လက်ရှိမှာ အောင်မြင်မှုတွေ များစွာ ရရှိနေတဲ့ အဆိုတော်မလေး အိမ့်ချစ်ကတော့ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး၊ သီချင်းသစ်တွေလည်း ဖန်တီးဖြစ်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းတဲ့ အိမ့်ချစ်ကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Eaint Chit's Facebook
Photos;TwoNine Photography
Wednesday, October 30, 2019
တစ်စုံတစ်ယောက်ကြောင့် စိတ်ချမ်းသာရလို့ ဖက်တီးလေး ဖြစ်လာပြီဆိုတဲ့ အိမ့်ချစ်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity