Breaking

Wednesday, October 16, 2019

စင်ပေါ်မှာ သီချင်းဆိုနေတဲ့ ရွှေမှုံရတီရဲ့ မျက်နှာလေးကို တစိမ့်စိမ့်ငေးကြည့်နေတဲ့ ရွှေထူး

 အဆို​တော်​​ရွှေထူးနဲ့ မင်းသမီး​ချော​လေး ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့တစ်​ဦးကိုတစ်​ဦး နက်​နက်​ရှိုင်းရှိုင်း ချစ်​မိသွားခဲ့ကြတာမို့ ​ပျော်​ရွှင်​ကြည်​နူးစရာ​ကောင်းတဲ့ အိမ်​​ထောင်​​ရေးတစ်​ခုကို အတူပုံ​ဖော်​​နေကြတာပါ။ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သူတွေပဲဖြစ်ပါတယ်။


 ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၃) ရက်နေ့မှာတော့ ရွှေထူးက Lil'Z၊ X-box၊ ထက်ယံတို့နဲ့အတူတူ ရန်ကုန်မြို့ Rose Garden Hotel မှာ ကျင်းပပြုလုပ်တဲ့ 4 Reunion" ပွဲကြီးမှာ ဖျော်ဖြေတင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ထို "4 Reunion" ပွဲကြီးမှာ ရွှေမှုံရတီကလည်း ခင်ပွန်းဖြစ်သူ ရွှေထူးကို လိုက်လံအားပေးရင်းနဲ့ Show ပွဲကြီးမှာ ပါဝင်ဖျော်ဖြေပေးခဲ့တာ ဖြစ်ပါတယ်။

ရွှေထူးက စင်ပေါ်တက်ပြီး သီချင်းဆိုနေတဲ့ ဇနီးလေးမျက်နှာကို ကြည်နူးစွာနဲ့ တစိမ့်စိမ့်ကြည့်နေခဲ့တာမို့ ပရိသတ်တွေက သဘောကျနေရတာ ဖြစ်ပါတယ်။
ရွှေမှုံလေးကတော့ ခင်ပွန်းဖြစ်သူ ရွှေထူးရဲ့ အရိပ်ကလေးအတိုင်းပဲ အနောက်ကနေ တကောက်ကောက် ပါရမီဖြည့်ပေးနေသူလေး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ပါတယ်။

Rowena
Source: Htoo Khant's fb
Photo: Fantasy In Art

POPULAR POSTS

ads