Breaking

Sunday, October 20, 2019

လေသေနတ်နဲ့ ရေသန့်ဗူးပစ်ပြီးဆော့နေတဲ့ ရွှေမှုံရတီကို ဆေးထိုးလိုက်တဲ့ ရွှေထူး

 နိုင်ငံကျော် ဇနီးမောင်နှံဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက တစ်ယောက်နဲ့တစ်ယောက် နွေးထွေးမှုတွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလျှောက်လမ်း ကိုယ်စီမှာ အောင်မြင်မှုတွေ ရရှိနေတာဖြစ်ပြီး အနုပညာလောကမှာ  ထွန်းလင်းတောက်ပတဲ့ ကြယ်ပွင့်လေးတွေဆိုလည်း မမှားပါဘူး။

 ရွှေထူးနဲ့ ရွှေမှုံရတီက လက်ရှိမှာတော့ မွန်ပြည်နယ် မုဒုံမြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ရွှေမှုံရတီက ခင်ပွန်းဖြစ်သူ ရွှေထူး သီချင်းဆိုဖျော်ဖြေရတဲ့ မုဒုံမြို့ကိုလိုက်သွားပြီး နယ်မြို့လေးမှာ ပျော်ရွှင်စွာ လည်ပတ်နေတာ ဖြစ်ပါတယ်။ဒီနေ့မှာတော့ ရွှေမှုံရတီတစ်ယောက် လေသေနတ်နဲ့ ရေသန့်ဗူး ပစ်ပြီးဆော့နေတာကို တွေ့ရပါတယ်။ ရွှေထူးကလည်း ကလေးဆန်ပြီး အဆော့သန်လွန်းတဲ့ ဇနီးလေးရဲ့ ဗီဒီယိုလေးကို သူ့ရဲ့ဖေ့စ်ဘုတ်မှာတင်ပြီး ဆေးထိုးထားတာကို တွေ့ရပါတယ်။

ရွှေမှုံရတီကတော့ နယ်မြို့လေးကိုရောက်ခိုက် သူမကိုယ်သူမ မင်းသမီးဆိုတာမေ့ပြီး လွတ်လပ်ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းလွန်းတဲ့ ရွှေမှုံရတီရဲ့ ပုံစံလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena credit-momolay.com
Source: Shwe Htoo's fb

ads