Breaking

Thursday, October 17, 2019

ကျနော့်နှလုံးသားက အလတ်ကြီးပဲ ရှိပါသေးတယ် ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

 စိုင်းစိုင်းခမ်းလှိုင်လို့ပြောလိုက်တာနဲ့ Hip Hop ရေစီးကြောင်းထဲမှာ သီချင်းပေါင်းများစွာ ရေးစပ်သီဆိုခဲ့သူ ၊ VCD ခေတ်မှာတုန်းကလည်း သရုပ်ဆောင်မော်ဒယ်တစ်ယောက်အနေနဲ့ ရပ်တည်နိုင်ခဲ့သူ ၊ ကိုယ်တိုင်ရေး ဝတ္ထုနှစ်အုပ်ကို ရေးသားထုတ်ဝေခဲ့ပြီး အခုချိန်မှာလည်း Sai Cosmetic တွေထုတ်လုပ်ရောင်းချနေတဲ့သူ စသဖြင့် ဂုဏ်ပုဒ်တွေအများကြီးနဲ့ တွဲမြင်ကြမှာဖြစ်သလို  နှုတ်ခမ်းနီးမလေးတွေရဲ့ အသည်းစွဲ ကိုစိုင်းစိုင်းအဖြစ်လည်း မြင်ကြမယ်ဆိုတာ ပြောပြနေစရာတောင်လိုမယ်မထင်ပါဘူး။


 သူရဲ့အောင်မြင်မှုအတိုင်းတာဟာ ဘယ်လောက်ထိတောင်လည်း ဆိုတာကလည်း ပြောပြနေစရာမလိုပဲ သူရဲ့ မွေးနေ့အမှတ်တရShow တွေမှာ လာရောက်အားပေးတဲ့ ပရိသတ်တွေကိုကြည့်လိုက်ရင်သိသာလှပါတယ်။ မကြာခင်ကာလမှာလည်း Frenzo Production ကနေ Show ပွဲတစ်ခုပြုလုပ်ဦးမယ်လို့လည်း သိရပါတယ်။ အဲ့ဒီသတင်းမတိုင်ခင် သီတင်းကျွတ်ပိတ်ရက်မှာတော့ စိုင်းစိုင်းတစ်ယောက်ဟာ စင်ကာပူမှာ ရှိတဲ့ Mount Elizabeth ဆေးရုံမှာ သွားရောက်ပြီး ကျန်းမာရေး စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ အဲ့ဒီလို ပြုလုပ်ခဲ့တဲ့အပေါ်မှာလည်း စိုင်းစိုင်းကို စိုးရိမ်သွားကြတဲ့ ပရိသတ်တွေလည်းရှိပါတယ်။
ဒါပေမယ့် စိုင်းစိုင်းကတော့ ဒါဟာ သာမန် ကျန်းမာရေး စစ်ဆေးမှုတစ်ခုဖြစ်ပြီး သူကျန်းမာရေးကောင်းမွန်နေတယ်ဆိုတဲ့ အကြောင်းကိုလည်း ချစ်စရာကောင်းအောင် Caption ရေးသားပြီး သူ့ပရိသတ်တွေ စိတ်မပူရအောင် အလိမ္မာသုံးပြီးရေးသားပြီး ဓာတ်ပုံတစ်ပံတင်ခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံတင်တဲ့အချိန်မှာ သူတင်ထားတဲ့ စာသားလေးကတော့ “၂၄ နာရီ စက်တပ်စစ်ဆေးပြီးတဲ့နောက် ရရှိလာတဲ့အဖြေအရ ကျနော့်နှလုံးသားက အလတ်ကြီးရှိပါသေးတယ်တဲ့ Heart Attack ဖြစ်နိုင်ခြေက ၁% တောင်မရှိပါဘူးတဲ့ ကော်ဖီသောက်လို့ရင်တုန်တာနဲ့ သူမကိုတွေ့လို့ရင်ခုန်တာဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်ပါပဲတဲ့ ရောဂါလက္ခဏာမဟုတ်ပါဘူးတဲ့ ကောင်းသားပဲ အများကြီးဆက်ချစ်လို့ရသေးတာပဲ”ဆိုပြီးရေးသားခဲ့ပါတယ်။
စိုင်းစိုင်းတစ်ယောက် ကတော့ ပရိသတ်ရဲ့ အချစ်တွေကို သူများတွေနဲ့ မတူနိုင်လောက်အောင် ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့ ကျန်းမာရေးဟာလည်း ကောင်းမွန်သလို နောက်နှစ်တွေအများကြီးမှာ ချစ်ရတဲ့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေအများကြီး  ဆက်လက်လုပ်ဆောင်နိုင်ပါစေလို့ ဆန္ဒမွန်နဲ့ တောင်းဆုပြုပေးလိုက်ပါတယ်နော်။ စိုင်းစိုင်းကို ချစ်တဲ့ပရိသတ်ကြီးလည်း ပျော်ရွှင်ကြပါစေ ။
credit-ygn-news.com

POPULAR POSTS

ads