Breaking

Saturday, October 12, 2019

သီတင်းကျွတ်လာကန်တော့တဲ့ ပရိသတ်မောင်ငယ်၊ ညီမငယ်ကြောင့် ပီတိဖြစ်နေတဲ့ သင်ဇာဝင့်ကျော်

 အပြစ်ဆိုစရာမရှိတဲ့ မျက်နှာလေးနဲ့ စွဲဆောင်မှုရှိတဲ့ ခန္ဒာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က အနုပညာလောကမှာတော့ စူပါစတားတစ်ယောက်ပါပဲ။ သင်ဇာဝင့်ကျော်က လူလေးလှသလို သူမအလှကို ပေါ်လွင်စေမယ့် ဝတ်စုံဆန်းဆန်းပြားပြားတွေကိုလည်း ဝတ်ဆင်တတ်ပါသေးတယ်။ အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို တစ်ခဲနက်ခံနေရတာ ဖြစ်ပါတယ်။


 ဒီတစ်ခေါက် သီတင်းကျွတ်အခါသမယမှာတော့ သင်ဇာဝင့်ကျော်က သူမကိုချစ်ကြတဲ့ ပရိသတ် မောင်ငယ်၊ ညီမငယ်များရဲ့ ဂါရဝါပြုကန်တော့ခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်က "ချစ်ဖို့ကောင်းပြီး လိမ္မာတဲ့သူတို့လေးတွေအောင်မြင်ကြီးပွားချမ်းသာတိုးတက်ကြပါစေ 🙏🏼🙏🏼🙏🏼" ဆိုပြီး မောင်ငယ်၊ ညီမငယ်လေးတွေကို ဆုတွေပေးထားပါသေးတယ်။

သင်ဇာဝင့်ကျော်ကတော့ လက်ရှိ အသက်သုံးဆယ်ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် အိမ်ထောင်မပြုသေးပဲ ချစ်ရတဲ့ မိသားစုတွေ၊ ပရိသတ်တွေနဲ့ အချိန်တွေအတူတူ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။သင်ဇာဝင့်ကျော်ကတော့ သူမကို ချစ်ခင်လေးစားကြတဲ့ ပရိသတ်တွေကြောင့် ပီတိတွေ ဖြစ်နေရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်နဲ့ သူမရဲ့ ပရိသတ်တွေရဲ့ ကြည်နူးစရာပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Rowena
Source: Thin Zar Wint Kyaw's fb

POPULAR POSTS

ads