နိုင်ငံကျော်အဆိုတော် ယုန်လေးကတော့ မကြာသေးမီအချိန်က သူရဲ့ဖေ့စ်ဘွတ်ခ်အကောင့်ဟက်ခံခဲ့ရပြီး ထိုသို့ အဟက်ခံရတဲ့ဖြစ်စဉ်နဲ့အတူ ဟက်ခဲ့တဲ့သူတွေကို ဘယ်လိုတုံ့ပြန့်မလဲဆိုပြီး ဖြဲထားတဲ့ ဗီဒီယိုဖိုင်လေးကိုသူရဲ့ လူမှုကွန်ရက် စာမျက်နာမှာဖော်ပြထားပါတယ်။ဒီဗီဒီယိုဖိုင်ထဲမှာတော့ ” ကျွန်တော်အကောင့် ပြန်ရပါပြီ စိတ်ပူပေးကြတဲ့ညီအကိုမောင်နှမတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။Messenger ကနေဖုန်းနံပါတ် ဘယ်သူကိုမှမပေးပါနဲ့ ကျွန်တော်ကတော့ လူတန်းစားမခွဲခြားပဲ ဒီအတိုင်လာတောင်းတော့ ကိုယ်နဲ့ခင်လို့ ထားပါတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ပေးလိုက်ပါတယ်။
ပြီးတော့ Wave Money ကနေဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ဖေ့စ်ဘွတ်ခ်က Lock တွေမပေးပါနဲ့ ကျွန်တော်ကပိန်းဥပေါ့ထားပါတော့။အခုဟက်တဲ့ သူတွေ မင်းတို့ မနက်ဖြန်သဘက်ခါ ထောင်ထဲဝင်ဖို့ပြင်ထားပါ။မင်းတို့လာစမ်းနေတာ ဟုတ်လား။အိုခေ ကျေးဇူးပါ..အားလုံး Peace..” ဆိုပြီးပြောထားပါတယ်။ယုန်လေးကတော့ အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ အဆိုတော်တစ်ယောက်အနေနဲ့ သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပါဝင်ရိုက်ကူးနေပြီး ဒါရိုက်တာတစ်ယောက်အနေနဲ့လည်း အက်ရှင် ရုပ်ရှင်ဇာတ်ကားကောင်းကြီးများစွာကို ရိုက်ကူးနေပါသေးတယ်။
အခုလိုဖြစ်ပျက်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး နောက်လူတွေအတွက်တော့ သတိထားစရာတစ်ခုပါတယ်။CeleGabar ပရိသတ်ကြီးလည်း အဆိုတော်ယုန်လေး အဟက်မခံရအောင် Messenger ကနေဖုန်းနံပါတ် ဘယ်သူကိုမှမပေးပါနဲ့နော်။Source: Yone Lay
DarDar-CeleGabar
Thursday, October 17, 2019
” ဖေ့စ်ဘွတ်ခ် အကောင့်ဟက်တဲ့ဟက်ကာတွေ ဒဲ့ဖြဲလိုက်တဲ့ ယုန်လေး “
Tags
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.