လိုအပ်တဲ့နေရာတွေမှာ အရှေ့ဆုံးကနေ ရပ်တည်ကူညီပြီး အများကောင်းကျိုးကို ကြည့်တတ်လွန်းလို့ ပရိသတ်တွေက ပရဟိတ မင်းသမီးကြီးလို့တောင်တင်စားခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေကတော့ သူမရဲ့ မွန်မြတ်တဲ့စိတ်ထားလေးကြောင့်ပရိသတ်တွေ လေးစား ချစ်ခင်ကြသူတစ်ဦးပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ လက်ရှိမှာ အခက်အခဲတွေ ကြုံတွေ့နေရတဲ့ ဇာတ်ပို့သရုပ်ဆောင် ဒေါ်နန်းခမ်းဝါကို ဈေးဆိုင်လေး တည်ပေးခဲ့တာ အရမ်းအဆင်ပြေသွားလို့ ပီတိဖြစ်နေရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ သူတစ်ပါးရဲ့အပျော်ကို ဖန်တီးပေးရသူလောက် ပျော်ရွှင်စရာကောင်းတဲ့သူ ကမ္ဘာပေါ်မှာ မရှိနိုင်ဘူးဆိုတာ ပြသခဲ့တဲ့ ခိုင်နှင်းဝေကတော့ တကယ့်ကို လေးစားစရာ စိတ်ဓါတ်ပိုင်ရှင်လေးပါပဲနော်။
ခိုင်နှင်းဝေကတော့ 'ကျမလှူပေးခဲ့တဲ့ အလှူလေးတခုက အဆင်ပြေတယ်ဆိုတာသိရလို့ ရင်ထဲမှာကြည်နူးမိပါတယ်...အိမ်ရှေ့မှာပဲဖွင့်ထားတဲ့ အိမ်ဆိုင်လေးမို့လို့ ညဘက်အထိဖွင့်လို့ရတယ်တဲ့...အခုထပ်ပိုပြီးအဆင်ပါစေ, ဆိုင်ကိုလည်းထပ်မံတိုးချဲ့နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင် 🙏🏻🙏🏻🙏🏻" ဆိုပြီး ဒီထက်လည်း ပိုအဆင်ပြေစေဖို့ ဆုတောင်းထားပေးပါသေးတယ်။ဇာတ်ပို့သရုပ်ဆောင် ဒေါ်နန်းခမ်းဝါရဲ့ဆိုင်လေးနာမည်ကတော့ "သမီးလေးရဲ့မေတ္တာရိပ်" တဲ့နော်...။
မွန်မြတ်တဲ့မေတ္တာတရားတွေ ပြည့်နှက်နေတဲ့ ခိုင်နှင်းဝေကတော့ ပရဟိတလုပ်ငန်းတွေအတွက်"ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်း"ကို တည်ထောင်ထားတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ခိုင်နှင်းဝေရဲ့ အလှူကြောင့် အရမ်းကို အဆင်ပြေသွားတဲ့ ဇာတ်ပို့သရုပ်ဆောင် ဒေါ်နန်းခမ်းဝါတို့ ဆိုင်လေးကို လမ်းကြုံရင် သွားရောက်အားပေးလိုက်ကြပါဦးနော်။
Myint Myat
Source:Khine Hnin Wai's Facebook
Monday, October 7, 2019
Home
/
Celebrity
/
သူမကူညီပေးလိုက်လို့ အိမ်ဆိုင်လေးနဲ့ အဆင်ပြေသွားတဲ့ ဒေါ်နန်းခမ်းဝါကြောင့် ပီတိဖြာနေတဲ့ ခိုင်နှင်းဝေ
သူမကူညီပေးလိုက်လို့ အိမ်ဆိုင်လေးနဲ့ အဆင်ပြေသွားတဲ့ ဒေါ်နန်းခမ်းဝါကြောင့် ပီတိဖြာနေတဲ့ ခိုင်နှင်းဝေ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity