သွက်လက်ထက်မြက်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ နေခြည်ဦးက လက်ရှိမှာတော့ အောင်မြင်တဲ့ ရုပ်ရှင် သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ ရပ်တည်နေတာ ဖြစ်ပါတယ်။ နေခြည်ဦးက Social Influencer တစ်ယောက်အဖြစ်သာမက မင်းသမီးတစ်ယောက်အဖြစ်ပါ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားတာ ဖြစ်ပါတယ်။ နေခြည်ဦးက လက်ရှိမှာလည်း သူမချစ်တဲ့ အလုပ်တွေကို မနားတမ်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ နေခြည်ဦးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Peninsula Bangkok hotel မှာ ပြုလုပ်တဲ့ Kanebo ရဲ့ The Exceptional global launching event ပွဲကို တက်ရောက်ပေးနေတာပဲ ဖြစ်ပါတယ်။
နေခြည်ဦးက Kanebo ရဲ့ new product launching event မှာ အာရှနိုင်ငံအစုံက representative တွေနဲ့အတူ မြန်မာနိုင်ငံရဲ့ representative တွေထဲက တစ်ယောက်အနေနဲ့ တက်ရောက်ခဲ့ရတာပဲ ဖြစ်ပါတယ်။
နေခြည်ဦးက ထိုပွဲလေးမှာ အဖြူရောင်ဖက်ရှင်လေးနဲ့ အရမ်းကို ချစ်စရာကောင်းနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် နေခြည်ဦးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ထိုပွဲလေးကို နေခြည်ဦးနဲ့အတူတူ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ မိတ်ကပ်မေဦး၊ မိတ်ကပ်လင်းလင်းတို့လည်း တက်ရောက်ပေးခဲ့ကြတာကို တွေ့ရပါတယ်။
နေခြည်ဦးကတော့ တစ်နေ့တစ်ခြား ပိုလို့တောင် လှလာသေးတယ်နော်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: beautybynaychi
Thursday, October 17, 2019
အဖြူရောင်အပြုံးလေးတွေနဲ့ အလှပဆုံးဖြစ်နေခဲ့တဲ့ နေခြည်ဦးရဲ့ ပုံရိပ်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity