Breaking

Tuesday, October 15, 2019

ကလေးဆန်ဆန်ဖက်ရှင်လေးနဲ့ ပွဲတက်ခဲ့တဲ့ မအေးသောင်းရဲ့ချစ်စဖွယ်ပုံရိပ်တွေ

 နန်းဆန်တဲ့အလှကိုပိုင်ဆိုင်ထားတဲ့ မမအေးသောင်းကတော့ ပရိသတ်တွေရဲ့အားပေးမှုကြောင့် နှစ်တွေကြာမှ အနုပညာလောကထဲသို့ တစ်ကျော့ပြန်လည်ဝင်ရောက်လာတာပဲဖြစ်ပါတယ်။ အမြဲလိုလို အလှပုံရိပ်တွေ ဝေမျှပေးလေ့ရှိတဲ့ မအေးသောင်းက လတ်တလောမှာလည်း ကလေးဆန်တဲ့ ဖက်ရှင်လေးနဲ့ ပွဲတက်ခဲ့တဲ့ သူမရဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မြန်မာဆန်တဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားတဲ့ မအေးသောင်းတော့ ကလေးဆန်တဲ့ ဖက်ရှင်လေးနဲ့လည်း အရမ်းကိုလိုက်ဖက်ပြီး ချစ်ဖို့ကောင်းလွန်းနေတာပါ။


 မအေးသောင်းကတော့ "သီတင်းကျွတ်လပြည့်နေ့က ဆန်းကစ်နဲ့ အရမ်းချစ်ခဲ့ရတဲ့ မန်းတလေးနဲ့" ဆိုပြီး သူမရဲ့ ချစ်စရာပွဲတက်ပုံရိပ်တွေကို ဝေမျှပေးထားတာပါ။ကလေးလေးလိုပဲ ချစ်ဖို့ကောင်းလိုက်တာ မအေးသောင်းရယ်...။
မအေးသောင်းကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာမို့ မိန်းကလေးတိုင်းအားကျရတဲ့ အလှပိုင်ရှင်လေးတစ်ဦးပဲ ဖြစ်ပါတယ်။



သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ မအေးသောင်းကတော့ လတ်တလောမှာလည်း ရုပ်ရှင်တွေ ရိုက်ကူးဖြစ်နေပြီး၊ တစ်ခြားသော အနုပညာအလုပ်တွေလည်း လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ စကားကြွယ်လွန်းတဲ့သူမကတော့ ပရိသတ်တွေနဲ့ အမြဲလိုလိုကဗျာတွေ စာတွေနဲ့ ဆက်သွယ်လေ့ ရှိပါတယ်နော်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းတဲ့ မမအေးသောင်းကိုချစ်ရင် S hare သွားကြဖို့ မမေ့ပါနဲ့နော်

Myint Myat
Source;Aye Thaung's Facebook

POPULAR POSTS

ads