Breaking

Saturday, October 19, 2019

ထိုင်းနိုင်ငံက အပန်းဖြေစခန်းတစ်ခုမှာ အနားယူအပန်းဖြေနေတဲ့ ဝတ်မှုံရွှေရည်

 နိုင်ငံကျော်မင်းသမီးချောလေး ဝတ်မှုံရွှေရည်က အနုပညာလောကထဲမှာ ဆယ်စုနှစ်တစ်ခုတိုင် အားပေးသူပရိသတ် အခိုင်အမာနဲ့ အောင်မြင်မှုတွေများစွာ ဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က ပြည်ပထိ ထိုးဖောက်အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး ကိုရီးယား၊ စင်္ကာပူ စတဲ့ နိုင်ငံကြီးတွေက ချီးမြှင့်တဲ့ ဂုဏ်ပြုဆုတွေများစွာကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဝတ်မှုံရွှေရည်က  နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေလျက်ရှိပါတယ်။





 ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ သူမရဲ့ အနုပညာလုပ်ငန်းတွေကို ခေတ္တအနားယူပြီး ထိုင်းနိုင်ငံမှာရှိတဲ့ Lamai Beach ကို ရောက်ရှိ အနားယူရင်း အပန်းဖြေနေတာပဲ ဖြစ်ပါတယ်။ဝတ်မှုံရွှေရည်က နောက်လတွေမှာ "တစ်ဦးတည်းသောဣတ္ထိယ"၊ "အထက်တန်းစားရေ"၊ "ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်"၊ "လိပ်ပြာစံအိမ် (၂)" စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုင်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်ကတော့ အလုပ်တွေလည်း ကြိုးကြိုးစားစားလုပ်နေသလို ကိုယ့်ကိုကိုယ်လည်း အနားပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲနော်။

Rowena
Source: Wutt Hmone Shwe Yi's ig

POPULAR POSTS

ads