မိုမိုလေးချစ်ပရိသတ်တွေအတွက်မြင်ရသူတွေကို အသည်းယားစေလောက်အောင်ကို လှရက်လွန်းတဲ့ မအေးသောင်းရဲ့ အလှပုံရိပ်တွေကိုဝေမျှပေးလိုက်ပါတယ်နော်။မအေးသောင်းကတော့ "ပုဂံရောက်တိုင်း ဒီဟိုတယ်လေးမှာတည်းဖြစ်တယ်။ အားသာချက်တွေအများကြီးမို့လို့ပါ ပုဂံမြို့ဟောင်းထဲမှာရှိပါတယ်။ ဘုရားတော်တော်များများနဲ့နီးပါတယ်။ ဧရာဝတီမြစ်ကမ်းဘေးမှာ ဆောက်ထားလို့ နေထွက်ချိန်ရော နေဝင် ချိန်ပါသိပ်လှတာပဲ။ ဟိုတယ်တဝန်းလုံးစိမ်းစိုနေရတာလည်း တအားစိတ်ချမ်းသာရတာ။ အခန်းတွေကလည်း တအားမှတအားကိုကျယ်ပါတယ်။ ဝန်ထမ်းတွေလည်း အရမ်းပျူငှာကြပါတယ်။ နောက်တခေါက်ပုဂံရောက်ရင်လည်း Aye Yar River View Hotel ကို Recommand ပေးပါတယ်နော်။ ⭐⭐⭐⭐⭐လွမ်းတယ် ဧရာဝတီ 💛💛💛" ဆိုပြီး သူမရဲ့အလှပုံရိပ်တွေကို ဝေမျှပေးထားတာပါ။
လက်ရှိမှာလည်း ရုပ်ရှင်တွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ သရုပ်ဆောင် အရမ်းပီပြင်လွန်းတဲ့ မင်းသမီးချောလေး မအေးသောင်းကို သူမရဲ့ပရိသတ်တွေက အကယ်ဒမီရစေချင်နေကြပါပြီ။ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ မအေးသောင်းရဲ့အချစ်ရေးကတော့ အခုအချိန်အထိကို ငြိမ်သက်နေဆဲပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေလည်း မြင်သူတကာငေးမောရလောက်အောင်လှချင်တိုင်းလှနေတဲ့ မအေးသောင်းကိုချစ်ရင် ဒီသတင်းလေးကို အချင်းချင်းဝေမျှသွားကြပါဦးနော်။
Myint Myat credit-momolay.com
Source;Aye Thaung's Facebook