ထူးခြားလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှနဲ့ ချစ်စရာအပြုံးလေးကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ မင်းသမီးချောလေး ဆုအိမ့်စံကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဦးပဲ ဖြစ်ပါတယ်။ အချစ်ရေးမှာ ကံမကောင်းတဲ့ ဆုအိမ့်စံလေးကတော့ လက်ရှိမှာ တစ်ကိုယ်တည်း ဘဝကိုဖြတ်သန်းနေတာဖြစ်ပြီး၊ သူမရဲ့ပရိသတ်တွေဆီက ခွန်အားတွေနဲ့ ရှေ့ဆက်နေတာပါ။ လတ်တလောမှာတော့ ဆုအိမ့်စံက ပြုံးနေတယ်ဆိုတိုင်း ပျော်ရွှင်နေတာမဟုတ်ဘူးလို့ ရင်ဖွင့်လာတာ တွေ့ရပါတယ်။ သူမရဲ့စကားကြောင့် ပရိသတ်တွေအကုန်လုံးကလည်း အားပေးစကားတွေ ပြောပေးနေကြတာ တွေ့ရပါတယ်နော်။
ဆုအိမ့်စံကတော့ " “ပြုံးနေတယ်ဆိုတိုင်း... ငါပျော်ရွှင်နေတာမဟုတ်ဖူး...ငါရင်ဆိုင်နေတာ... “" ဆိုပြီး စာသားတစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ မင်းသမီးချောလေး ဆုအိမ့်စံကတော့ လက်ရှိမှာ ချစ်ရတဲ့ မိသားစုတွေရယ်၊ သူငယ်ချင်းတွေရယ်နဲ့အတူ ဘဝကို တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းနေတာပါနော်။
ဆုအိမ့်စံကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ သူမကို တကယ့်ပျော်ရွှင်မှုအစစ်အမှန် ရရှိစေချင်နေကြတာဖြစ်ပြီး၊ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်။
ဆုအိမ့်စံကတော့ လတ်တလောမှာ ကြော်ငြာတွေလည်း ပြန်လည်ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ ဆုအိမ့်စံကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းတဲ့ ဘေဘီဆုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Hsu Eaint San's Facebook
Tuesday, October 15, 2019
ပြုံးနေတယ်ဆိုတိုင်း ပျော်ရွှင်နေတာမဟုတ်ဘူးလို့ ရင်ဖွင့်လာတဲ့ ဆုအိမ့်စံ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity