Breaking

Sunday, October 27, 2019

ပကာသနမရှိပဲ သာမာန်အရပ်သူလေးတစ်ယောက်လို သိမ်မွေ့စွာတွေ့ရတဲ့ အိချောပို

 နက်မှောင်တဲ့ ဆံနွယ်ရှည်တွေနဲ့၊ သာမန်ထက် ထူးခြားလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကြောင့် ပုရိသကိုကိုတွေရဲ့နှလုံးသားကို အပိုင်သိမ်းထားနိုင်တဲ့ မင်းသမီးချောလေး အိချောပိုကတော့
သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဦးပါ။ သူမနဲ့ လိုက်ဖက်ညီတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့ အိချောပိုကတော့ လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေ ဆက်တိုက်


 လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လူလေးလှသလို ရိုးရိုးယဉ်ယဉ်လေးသာ ဝတ်တတ်တဲ့ အိချောပိုက သူမနဲ့ လိုက်ဖက်တဲ့ အဝတ်အစားတွေကိုသာ ရွေးချယ်ဝတ်ဆင်တတ်သူ တစ်ဥိးဖြစ်ပါတယ်။
ပရိသတ်တွေအတွက် အိချောပိုရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ ဒီနေ့မှာတော့ အိချောပိုက ရွှေတီဂုံဘုရားအောင်မြေမှာ ပြုလုပ်တဲ့ “ဆုံစည်းခွင့်” ရုပ်သံဇာတ်လမ်းတွဲရဲ့


ကန်တော့ပွဲ အခမ်းအနားကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ထိုပွဲကို အိချောပိုက ပကာသနမရှိပဲ ရိုးရှင်းစွာ သာမာန်အရပ်သူလေး တစ်ယောက်လို ဝတ်စားလာတာကို တွေ့ရပါတယ်။ “ဆုံစည်းခွင့်” ရုပ်သံ
ဇာတ်လမ်းတွဲကို ဒါရိုက်တာစွမ်းပိုင် ရိုက်ကူးပုံဖော်မှာဖြစ်ပြီး ခန့်စည်သူ၊ ထက်ယံ၊ အေးချမ်းမောင်၊ ဇေယံ၊ အိချောပို၊ ဇွန်သံစဉ်၊ သဇင်ထူးမြင့် နှင့် အခြားအနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။အိချောပိုကတော့ မြန်မာဆန်ဆန်လေးနဲ့ ချစ်စရာကောင်းနေတာပဲနော်။ ပရိသတ်ကြီးလည်း အိချောပိုရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

POPULAR POSTS

ads