မြန်မာဆန်ဆန် ချောတဲ့ ရုပ်ရည်နဲ့ ထူးခြားလှပတဲ့ ကောက်ကြောင်းရယ်၊ နက်မှောင်တဲ့ ဆံကေသာလေးရယ်ကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး အိချောပိုကတော့ သရုပ်ဆောင်တစ်ဦးအနေနဲ့ အောင်မြင်မှုတွေ များစွာ ရရှိနေသူလေးပဲ ဖြစ်ပါတယ်။ စိတ်ထားလေးလည်း အရမ်းကောင်းတဲ့ အိချောပိုက လတ်တလောမှာ ရှုတင်စက်မှုအဖွဲ့သားတွေအတွက် အနုပညာကြေးထဲကဖဲ့ပြီး သီတင်းကျွတ်အလှူလုပ်ခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ လူလေးလှသလို စိတ်ထားလေးလည်းကောင်းတဲ့ အိချောပိုကိုတော့ ပရိသတ်တွေက ပိုပိုပြီး အချစ်ပိုနေကြရတာပဲ ဖြစ်ပါတယ်။
အိချောပိုကတော့ "ဟိုနေ့ညက Players ရုပ်ရှင်ကားကြီးနောက်ဆုံးနေ့မှာ ရှုတင်စက်မှုအဖွဲ့သား ၄၅ ယောက်အတွက် ရတဲ့အနုပညာကြေးထဲက တတ်နိုင်သလောက် သီတင်းကျွတ်အလှူလေးလုပ်ဖြစ်ခဲ့ပါတယ်ရှင့်...🙏🙏🙏 ဆုတောင်းပေးကြတဲ့အဖွဲ့သားများအားလုံးကျေးဇူးပါရှင်...😍😍😍" အနုပညာအလုပ်ကို အကောင်းဆုံး ပံ့ပိုးနေတဲ့ စက်အဖွဲ့သားတွေကို လိုအပ်တာတွေ ကူညီလှူဒါန်းခဲ့တဲ့ မင်းသမီးချောလေး အိချောပိုရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။အလှူအတန်းတွေ လုပ်နေရရင်ကို ပျော်ရွှင်နေတဲ့ စူစူလေး...။
လိုအပ်တာတွေ လက်ခံရရှိခဲ့တဲ့ စက်အဖွဲ့သားတွေကလည်း ပျော်ရွှင်နေကြတာ တွေ့ရပါတယ်။
သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ မင်းသမီးချောလေး အိချောပိုကတော့ သူမပါဝင်သရုပ်ဆောင်တဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းကို သဘာဝအကျဆုံးနဲ့ အပီပြင်ဆုံး သရုပ်ဆောင်လေ့ရှိသူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အိချောပိုက "Player" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မင်းသား မြင့်မြတ်နဲ့ အတူရိုက်ကူးနေတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို စိတ်ထားမွန်မြတ်လှတဲ့ မင်းသမီးချောလေး အိချောပိုကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Ei Chaw Po's Facebook
Wednesday, October 16, 2019
ရှုတင်စက်မှုအဖွဲ့သား ၄၅ ယောက်အတွက် အနုပညာကြေးထဲက အလှူလုပ်ခဲ့တဲ့ အိချောပို
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity