ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က အကယ်ဒမီဆုကြီး (၂) ဆုတိတိကို ဆွတ်ခူး ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကလည်း ပြည်တွင်းမှာလည်း အောင်မြင်မှုအပေါင်း သရဖူဆောင်းထားသူလေးဖြစ်ပြီး ပြည်ပနိုင်ငံတွေထိလည်း ထိုးဖောက်အောင်မြင်သူတစ်ယောက် ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လက်ရှိမှာလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။နတ်သမီးလေးများလား ကစ်ရယ် 🥰
ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ Kanebo ရဲ့ The Exceptional Makeup Base launch ပွဲကို တက်ရောက်ဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဝတ်မှုံရွှေရည်က ထိုင်းနိုင်ငံက ဓာတ်ပုံဆရာတွေနဲ့ ဓာတ်ပုံရိုက်ကူးနေတဲ့ မြင်ကွင်းတွေကို အခုလိုပဲ တွေ့မြင်ရပါတယ်။တို့နိုင်ငံက မင်းသမီးလေးလို့ ပြောရတာ အရမ်းဂုဏ်ယူတာပဲကွယ် 🥰
ဝတ်မှုံရွှေရည်ကတော့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။
Rowena
Source: Wutt Hmone Shwe Yi's ig