Breaking

Wednesday, October 30, 2019

နိုင်းနိုင်း၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူတူ "စတုတ္ထမြောက်သွေးကြောမျှင်" ရုပ်ရှင်မှာ သရုပ်ဆောင်မယ့် ရွှေထူး

 နိုင်ငံကျော် တေးသံရှင်တစ်ဦးဖြစ်တဲ့ ရွှေထူးဟာ ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ တေးသီချင်းတွေများစွာကို ခံစားသီဆိုခဲ့တာ ဖြစ်ပါတယ်။ ရွှေထူးရဲ့ သီချင်းတိုင်းက အောင်မြင်မှုရရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပရိသတ်အင်အား အခိုင်အမာကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ရွှေထူးရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။
 ရွှေထူးက သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီး "ပက်ပက်စက်စက်ညှို့" နဲ့ အောင်မြင်မှုရရှိပြီးတဲ့နောက်ပိုင်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးလာရတာကို တွေ့ရပါတယ်။ ရွှေထူးက "ဧည့်သည်"၊ "ဒဏ္ဍာရီမိုး" စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့လည်း ပရိသတ်တွေကို ကျေနပ်အားရစေခဲ့ပါတယ်။ဒီတစ်ခေါက်မှာလည်း ရွှေထူးက ဒါရိုက်တာ နေဟိန်း ရိုက်ကူးပုံဖော်မယ့် "စတုတ္ထမြောက်သွေးကြောမျှင်" ရုပ်ရှင်ဇာတ်ကားကြီးမှာ နိုင်းနိုင်း၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ မေမြင့်မိုရ်တို့နဲ့အတူတူ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။


"စတုတ္ထမြောက်သွေးကြောမျှင်" ရုပ်ရှင်ဇာတ်ကားကြီးက ရွှေထူးရဲ့ (၆) ကားမြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ရွှေထူးက "စစ်ကား"၊ "တစ်ဦးတည်းသောဣတ္ထိယ" စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေဆဲ ဖြစ်ပါတယ်။ရွှေထူးကတော့ အဆိုလောကမှာသာမက သရုပ်ဆောင်လောကမှာပါ ထွန်းလင်းတောက်ပလာမယ့် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်ကြီးလည်း ရွှေထူးရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရုံတင်ရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။

Rowena
Source:  7th Sense Film Production

POPULAR POSTS

ads