Breaking

Sunday, October 13, 2019

‌အောင်လအန်ဆန်းရဲ့ ကမ္ဘာ့ ချန်ပီယံလုပွဲကို တိုက်ရိုက်ကြည့်ရှုနိုင်မည့် ရုပ်သံလိုင်းများ



 One Championship မှ တိုက်ရိုက်ထုတ်လွှင့်နေသော Live ပွဲများကို ကြည့်နိုင်ရန် အောက်တွင် Live ရုပ်သံလိုင်းကို ထည့်သွင်းပေးထားပါသည်။




 One Championship ပြိုင်ပွဲကြီးရဲ့ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ Ryogoku kokugikan အားကစားရုံမှ ထိုးပွဲပေါင်း ၂၂ ပွဲပါဝင်တဲ့ ပြိုင်ပွဲကြီးကို ကျင်းပမှာ ဖြစ်ပါတယ်။ ဒီပွဲကြီးကို အပိုင်း ၂ ပိုင်းခွဲပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲကြီးမှာ တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေတဲ့ အထူးပွဲကြီးကတော့ မြန်မာ့စပါးအုံး အောင်လအန်ဆန်နဲ့ ဖိလစ်ပိုင် အားကစားသမား ဗီရာတို့ပဲဖြစ်ပါတယ်။ သူတို့ ၂ ဦးပွဲကိုတော့ ဒုတိယပိုင်း ချန်ပီယံခါးပတ်လုပွဲ အဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားမှလြည်း ဖြစ်ပါတယ်။
အောင်လအန်ဆန်း အပြင် ဖိုးသော်လည်းပါဝင်တာဖြစ်ပြီး တောင်ကိုရီးယား ဖိုက်တာ ယွန်ချန်မင် နဲ့ ထိုးသတ်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ပရိတ်သတ်ကြီးအတွက် Skynet Sport 3? HD လိုင်းတွေမှာ ယနေ့နံနက် ၆ နာရီကနေ ၉ နာရခွဲထိပြသသွားမှာဖြစ်ပါတယ်။ MNTV နှင့် MRTV Entertainment မှလည်း တိုက်ရိုက်ထုတ်လွှင့်သွားမှာပါ။ ဒီပွဲတွေရဲ့ အဓိကပွဲဖြစ်တဲ့ အောင်လနဲ့ ဗီရာ ပွဲစဉ်ကိုတော့ မြန်မာစံတော်ချိန် ညနေ ၅ နာရီမှာ ထိုးသတ်နိုင်ဖွယ်ရှိပါတယ်။ အဆိုပါ ပွဲစဉ်အားလုံးကိုတော့ နေ့လည် ၂ နာရီခွဲမှာ စတင်ပါလိမ့်မယ်။ ပရိတ်သတ်ကြီး အားပေးစောင့်မျှော်နေတဲ့ အောင်လအန်ဆန်းပွဲဟာ မကြာတော့တဲ့ နာရီပိုင်းတွင်းမှာ စတင်တော့မှာဖြစ်လို့ အားပေးကြပါဦးနော်။

POPULAR POSTS

ads