Breaking

Tuesday, October 22, 2019

ပုဂံမြို့ရဲ့ မနက်ခင်းဆည်းဆာကို မီးပုံးပျံကြီးစီးပြီး ခံစားကြည့်ရှုခဲ့တဲ့ မေမြင့်မိုရ်

 ကြည်လင်တဲ့ မျက်နှာလေးနဲ့ ချောမောလှပတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်က အနုပညာလောကထဲမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိထားသူ ဖြစ်ပါတယ်။ မေမြင့်မိုရ်က ရုပ်သံဇာတ်လမ်းတွဲတွေမှတဆင့် အောင်မြင်မှုရရှိလာခဲ့ပြီး အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ သရုပ်ဆောင်နေရပြီ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မင်းသမီးချောလေး မေမြင့်မိုရ်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို  စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။

 မေမြင့်မိုရ်က လတ်တလောမှာတော့ မကွေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ပုဂံဒေသကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် မေမြင့်မိုရ်ရဲ့ ချစ်စရာကောင်းပြီး လှပတဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။မေမြင့်မိုရ်က "ကျွန်မချစ်သော ပုဂံမြေလေးမှာ Sunrise ကြည့်ရင်း ကောင်းကင်ပေါ် ပျံဝဲလာတဲ့ မီးပုံးပျံကြီးတွေကိုငေးကြည့်ရင်း STT Ballooning စီးရတာ အပျော်ဆုံးအချိန်ပါ🎈❤️" ဆိုပြီး ပြောထားပါတယ်။


မေမြင့်မိုရ်က ပုံဂံမြို့ရဲ့ မနက်ခင်း နေထွက်တဲ့ အလှကို ကောင်းကင်ပေါ်ကနေ ကြည့်ခွင့်ရခဲ့တာ တော်တော်လေး ကြည်နူးဖို့ ကောင်းမှာပဲနော်။မေမြင့်မိုရ်က လက်ရှိမှာတော့ ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီး အခြားသော အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာကို တွေ့ရပါတယ်။
မေမြင့်မိုရ်ကတော့  ပုဂံမြို့ရဲ့ ရှုခင်းတွေကိုကြည့်ပြီး တော်တော်လေး ပျော်နေပုံပဲနော်။ ပရိသတ်ကြီးလည်း မေမြင့်မိုရ်ရဲ့ ပုံရိပ်တွေကို သဘောကျ ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: May Myint Mo's fb

POPULAR POSTS

ads