Breaking

Friday, October 4, 2019

ဘောလုံးကွင်းကိုအပတ်(၂၀)ပြေးဖို့ ဒဏ်ပေးခံရတဲ့ ကျောင်းသားလေးအမောဆို့သေဆုံး

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီမှာ အသက်(၁၄)နှစ်အရွယ် ကျောင်းသားလေးဟာ ပြီးခဲ့တဲ့သောကြာနေ့က ကျောင်းကို သတ်မှတ်ချိန်ထက် (၂၅)မိနစ်နောက်ကျပြီးမှ ရောက်ခဲ့ကြောင်း၊ ဆရာဖြစ်သူက ဒီကိစ္စကို အလွန်ဒေါသထွက်ပြီး၊ ဘောလုံးကွင်းကို အပတ်(၂၀)ပြေးဖို့ ဒဏ်ပေးခဲ့ပါသတဲ့။
ကျောင်းသားလေးဟာ (၂)ပတ်ပြေးပြီးနောက် တစ်ကိုယ်လုံး တုန်ခိုက်အောင် မောလာခဲ့လို့ နားပါရစေ တောင်းပန်ပေမယ့် ဆရာက နားခွင့် မပေးခဲ့ပါဘူး။ ကျောင်းသားလေးရဲ့အမည်ကိုတော့ Fanly လို့ သတင်းတွေက ဖော်ပြထားပါတယ်။ သူ ပြေးနေချိန်မှာ နေကလည်း အလွန်ပြင်းပါတယ်။
သတ်မှတ်ထားတဲ့ အပတ်ရေမပြည့်မီမှာ ကျောင်းသားလေးဟာ ဟက်ထိုးလဲကျသွားပါတယ်။ ဒဏ်ပေးတဲ့ဆရာကတော့ ဒီကောင်လေး ဟန်ဆောင်နေတာဆိုပြီး သွားပြီးတွဲမခေါ်ဖို့၊ တစ်ခြားလူတွေကို ပြောခဲ့ပေမယ့်၊ Fanly ဟာ မျက်ဖြူလန်နေပါပြီ။
နောက်တော့ သူဟာ နှလုံးခုန်ရပ်တန့် သေဆုံးသွားပါတယ်။ WorldOfBuzz မှာ ဖော်ပြချက်အရ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကိုလည်း ကျောင်းက နောက်ကျချိန်မှ အကြောင်းကြားခဲ့ပါတယ်တဲ့။ ကျောင်းသားလေးက သေဆုံးနေပါပြီ။ မိဘတွေကတော့ ဆရာ့ကို လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်။
လေးစားစွာြဖင့်-နေသူရိန် D Nae Khit Media

POPULAR POSTS

ads