နိုင်ငံကျော် ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ မိုးဟေကိုက အနုပညာလောကထဲ စတင်ဝင်ရောက်လာချိန်မှစပြီး အခုချိန်ထိ အားပေးသူ ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေသူ တစ်ဦးပါ။ မိုးဟေကိုရဲ့ စွဲဆောင်မှုရှိပြီး နိုင်ငံခြားသူလေးတစ်ယောက်လို လှပတဲ့ ရုပ်ရည်ကြောင့် အသက်(၃၀) ကျော်အရွယ်လို့ မထင်ရလောက်အောင် နုပျိုနေတာပဲ ဖြစ်ပါတယ်။ မိုးဟေကိုက လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ မိုးဟေကိုက သူမရဲ့ အပြစ်ဆိုစရာမရှိတဲ့ ခန္ဒာကိုယ်ကောက်ကြောင်းအလှကို ပြသထားပါတယ်။ အဲ့ဆို အဆီပိုမရှိတဲ့ ခန္ဒာကိုယ်လေးကို ပိုင်ဆိုင်ဖို့ လုပ်ဆောင်ခဲ့ပုံတွေကိုလည်း မိုးဟေကိုက အခုလိုပဲ ပြောပြထားပါတယ်။
"မိုး ရဲ့ တနေတာလှုပ်ရှားမှုတွေထဲမှာ နေ့တိုင်းနီးပါးဆော့ဖြစ်နေတဲ့ Gym ဆော့ရတာလည်း အရေးကြီးတဲ့အချက်ထဲကတစ်ခုပေါ့။ မိုးတို့လို အလှအပကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်က ခုလိုမျိုး လှပပြီးကျန်းမာရေးကောင်းနေဖို့က အရေးကြီးတယ်နော်။"
"တစ်နေ့တာလုံးမှာ ရေများများသောက်တယ်။ တစ်နေ့မှာ တစ်နာရီလောက်ကျန်းမာရေးအနေနဲ့ Gym ပုံမှန်ဆော့ဖြစ်တယ်။ တစ်ပတ်မှာ နှစ်ရက်လောက် ယောဂကျင့်ဖြစ်တယ်။ လမ်းများများလျှောက်တယ်။"
"ညစာကို တတ်နိုင်သလောက် ထမင်းမစားဘဲ အသီးအရွက်လောက်ဘဲစားဖြစ်တယ်။ အဆီအစိမ့်ဆို မစားဖြစ်သလောက်ပါဘဲ။ ဆီကြော်မုန့်တွေကိုလည်း တတ်နိုင်သလောက် မစားဖြစ်အောင် ရှောင်ဖြစ်တယ်။ မိသားစုနဲ့အချိန်တော်တော်များများကိုပျော်ရွှင်စွာ ဖြတ်သန်းဖြစ်တယ်။ ဒီလောက်ပါဘဲ😊 မိုးချစ်ရတဲ့သူတွေလည်း ကျန်းမာလှပတဲ့ဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကျပါစေနော် ❤️" ဆိုပြီး မျှဝေထားပါတယ်။
မိုးဟေကိုကတော့ သူမရဲ့ လှပတဲ့ ခန္ဒာကိုယ်လေးရဲ့ လျှို့ဝှက်ချက်ကို ပြောပြလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိုးဟေကိုရဲ့ လှပမှု လျှို့ဝှက်ချက်ကို သိရလို့ ကျေနပ်ကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Moe Hay Ko's fb
Tuesday, October 15, 2019
Home
/
Celebrity
/
အဆီပိုမရှိပဲ သွယ်လျကျစ်လျစ်တဲ့ ခန္ဒာကိုယ်လေးရဲ့ လျှို့ဝှက်ချက်ကို ပြောပြလာတဲ့ မိုးဟေကို
အဆီပိုမရှိပဲ သွယ်လျကျစ်လျစ်တဲ့ ခန္ဒာကိုယ်လေးရဲ့ လျှို့ဝှက်ချက်ကို ပြောပြလာတဲ့ မိုးဟေကို
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity