မင်းသားကြီး ဝေဠုကျော်ဟာ ရုပ်ရှင်ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဝေဠုကျော်က အသက်အရွယ်တစ်ခုရရှိလာတဲ့နောက်မှာတော့ အနုပညာလုပ်ငန်းတွေထက် ပရစိတလုပ်ငန်းတွေကိုသာ ပိုမိုအာရုံစိုက် လုပ်ကိုင်နေလျက်ရှိပါတယ်။ ဝေဠုကျော်က သူ့ရဲ့ နာမည်နဲ့ "ဝေဠုကျော် ဖောင်ဒေရှင်း" ကို ဦးစီးတည်ထောင်ထားပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အရပ်ဒေသမရွေး အကူအညီလိုအပ်နေတဲ့ နေရာတွေကို ကိုယ်တိုင်သွားရောက် ကူညီနေတဲ့ ဝေဠုကျော်က မနေ့က အောက်တိုဘာလ (၂၆) ရက်နေ့မှာလည်း သက်တော် (၈၀) ရှိ ဖွားသီလရှင်တစ်ပါးကို ကူညီပေးခဲ့ပါသေးတယ်။ဝေဠုကျော်က ရထားပေါ်ကအဆင်း ခြေချော်ကျပြီး ဒဏ်ရာရရှိခဲ့တဲ့ သက်တော် (၈၀)ရှိ ဖွားသီလရှင်ကို လိုအပ်တာများကို လိုက်ပါ ဆောင်ရွက် အကူအညီပေးခဲ့တယ်လို့ သိရပါတယ်။ဝေဠုကျော်က လူနာစောင့်မပါတဲ့ ဖွားသီလရှင်ကို ဆးရုံဓါတ်မှန်လိုက်ရိုက်ပေးခြင်း ၊ဦးနှောက် ဓာတ်မှန်ရိုက်ပေးခြင်း၊ Geneva သူနာပြုအဌားဝန်ဆောင်မှုမှ လူနာစောင့်ဌားပေးခြင်း ၊သီလရှင်ဝတ်စုံနှစ်စုံ နှင့် ခေါင်းအုံး၊ စောင်လိုအပ်သည်များ ဝယ်ပေးပြီး လူနာစောင့်နဲ့ ဘွားသီလရှင်အား သေချာအပ်ပေးခဲ့ပါတယ်။
ဖွားသီလရှင်ကတော့ ပရဟိတမင်းသားကြီး ဝေဠုကျော်နဲ့ ဆုံတွေ့ရတာ သူတော်ကောင်းကို နတ်ကောင်းမသလိုပါပဲ။ မိုမိုလေး ပရိသတ်ကြီးလည်း မွန်မြတ်လှတဲ့ ဝေဠုကျော်ရဲ့ ကုသိုလ်လေးကို သာဓုခေါ်ပေးကြဦးနော်။
Rowena
Source: Wai Lu Kyaw Foundation
credit-momolay.com
Sunday, October 27, 2019
Home
/
Celebrity
/
ရထားပေါ်ကပြုတ်ကျတဲ့ သက်တော်(၈၀)ရှိ ဘွားသီလရှင်ကို လိုအပ်တာများ လှူဒါန်းကူညီခဲ့တဲ့ ဝေဠုကျော်
ရထားပေါ်ကပြုတ်ကျတဲ့ သက်တော်(၈၀)ရှိ ဘွားသီလရှင်ကို လိုအပ်တာများ လှူဒါန်းကူညီခဲ့တဲ့ ဝေဠုကျော်
Tags
# Celebrity
About Phyo Lay
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity