Breaking

Saturday, October 19, 2019

ဆန်ဆေးရည် (သို့မဟုတ်) ထမင်းရည်က ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ဆန်ဆေးရည် (သို့မဟုတ်) ထမင်းရည်က ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
ဆန်ဟာ အာရှနိုင်ငံအများစုရဲ့ အခြေခံစားစရာတစ်ခုဖြစ်ကြောင်း လူတိုင်းသိရှိကြပါတယ်။ ယနေ့ခေတ် အိမ်တော်တော်များများမှာ ဆန်ကို ငှဲ့ချက်ခြင်းထက် ပေါင်းအိုးဖြင့်ချက်တာ ပိုမိုများပြားလာပါတယ်။ ပေါင်းအိုးနဲ့ချက်ခြင်းဖြင့် ဆန်ထက်ပိုပြီးတောင် စွမ်းအင်ပေးနိုင်တဲ့ ထမင်းရည်ကို ရရှိနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပေါင်းအိုးအသုံးပြုတာထက်စာရင် ရှေးယခင်နည်းအတိုင်း ငှဲ့ချက်ခြင်းဖြင့် သဘာဝအားဆေးတစ်လက်ဖြစ်တဲ့ ထမင်းရည်ကို ရရှိစေမှာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ထမင်းရည်သောက်ခြင်းဖြင့် ကျန်းမာရေးကောင်းကျိူးများစွာ ရရှိစေမှာ ဖြစ်ပါတယ်။ အကောင်းဆုံးထမင်းရည်ကျိူနည်းကတော့ ဆန်စားပွဲတင်ဇွန်း ၃ ဇွန်းစာကို ရေ ၂ ခွက်တွင ၂၀ မိနစ်ကြာအောင်ပြုတ်ပါ။
ဆား သကြားဘာမှ မထည့်တာပိုကောင်းပါတယ်။ပြုတ်ရည်ဟာ နို့ရောင်သန်းလာပြီဆိုတာနဲ့ အိုးကိုချပြီး အအေးခံကာ သောက်သုံးနိုင်ပါပြီ။ ဒီနည်းဟာ အကောင်းဆုံး ထမင်းရည်ကို ရရှိစေမယ့် နည်းဖြစ်ပါတယ်။ ထမင်းရည်ကနေ ဘယ်လိုကျန်းမာရေးကောင်းကျိူးတွေ ရရှိနိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
(၁)စိတ်နဲ့ခန္တာကိုယ် လန်းဆန်းစေခြင်း
ထမင်းရည်ရဲ့ကောင်းကျိူးများအနက် တစ်ခုမှာ သင့်စိတ်ရောကိုယ်ပါ လန်းဆန်းစေခြင်းဖြစ်ပါတယ်။သင့် ရေချိူးကန်ထဲသို့ ထမင်းရည် အနည်းငယ် ထည့်ပြီး ထိုရေထဲတွင် မိနစ်အနည်းငယ်စိမ်ပါ။ ထိုကုထုံးက သင့်ကို လန်းဆန်းစေတာ တွေ့ပါလိမ့်မယ်။
(၂)စွမ်းအင်
ဆန်ဟာ ကစီဓာတ် အပြည့်အဝပါရှိသော အစာတစ်ခုပါ။ ကစီဓာတ်ဆိုတာ သင့်ကို စွမ်းအင်ပေးစွမ်းသော ပင်မအုတ်မြစ်ပဲ ဖြစ်ပါတယ်။ ထမင်းရည်ကိုသောက်ခြင်းဖြင့် စွမ်းအင်ပြည့်ဝစွာ ရရှိစေမှာပါ။ မနက်အိပ်ရာထချိန်မှာ ထမင်းရည် တစ်ခွက်သောက်လိုက်ခြင်းဖြင့် သင့်တစ်နေ့တာအတွက် အားဖြည့်ပြီးသား ဖြစ်စေပါလိမ့်မယ်။




(၃)ရေဓာတ်ပြည့်ဝစေခြင်း
နွေရာသီမှာ ချွေးထွက်များခြင်းကြောင့် ရေဓာတ်ဆုံးရှုံးကြပါတယ်။ ဒါကြောင့် သင်နေပူထဲမသွားခင်မှာ ထမင်းရည်တစ်ခွက်ကို သောက်သွားသင့်ပါတယ်။ ထမင်းရည်ဟာ ရေဓာတ်သာမက သင့်တစ်နေ့တာ လိုအပ်သော အာဟာရ ဓာတ်များကိုပါပေးစွမ်းမှာ ဖြစ်ပါတယ်.
(၄)ဝမ်းလျှောခြင်းကို သက်သာစေခြင်း
ထမင်းရည်ဟာ ဝမ်းလျှောဝမ်းပျက်ခြင်းကို သက်သာစေသော အိမ်တွင်းကုထုံးတစ်လက်ဖြစ်ပါတယ်။ လူကြီးများသာမက ကလေးငယ်များ ဝမ်းပျက်တဲ့အခါမှာလဲ ထမင်းရည်ကို တိုက်ကျွေးနိုင်ပါတယ်။ ထမင်းရည်ကြောင့် ရေဓာတ်ဆုံးရှုံးခြင်းကိုလဲ ပြန်လည်ကောင်းမွန်စေပါတယ်။ လေ့လာချက်တစ်ခုအရ ထမင်းရည်ဟာ ကလေးသူငယ်များဝမ်းပျက်ခြင်းအတွက် အလွန်ထိရောက်တဲ့ သဘာဝဆေးတစ်လက်လို့ ဆိုပါတယ်။
(၅)ကိုယ်အပူချိန်ကို ထိမ်းညှိပေးခြင်း
ငယ်ငယ်က ထမင်းရည်က အပူငြိမ်းစေတယ်လို့ လူကြီးမိဘတွေ ပြောတာ ကြားဖူးခဲ့ပါတယ်။ ဒါဟာတကယ်ပါပဲ။ ထမင်းရည်သောက်ခြင်းဖြင့် သင့်ကိုယ်တွင်း အပူချိန်ကို ကျဆင်းစေပါတယ်။ နွေရာသီ နေပူထဲသွားမယ့်သူများ ထမင်းရည်ကို မဖြစ်မနေ သောက်သုံးသင့်ပါတယ်။
(၆)ဝမ်းချူပ်ခြင်းကို ကာကွယ်ပေးခြင်း
ထမင်းရည်သောက်ခြင်းဟာ သင့်အစာခြေ စနစ်ကို ကောင်းမွန်စွာ လည်ပတ်စေပါလိမ့်မယ်။ ထမင်းရည်မှာပါသော အာဟာရဓာတ်များကြောင့် ဝမ်းမှန်စေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝသော အစားအစာများနဲ့ တွဲဖက်စားခြင်းဖြင့် ပိုမိုထိရောက်စေမှာပါ။
(၇)ဆံသားကို ကျန်းမာလှပစေခြင်း
ထမင်းရည်ဟာ သင့်ဆံသားအတွက်လဲ ကောင်းကျိူးများစွာ ပေးစွမ်းနိုင်ပါသေးတယ်။ လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် ရှမ်ပူနဲ့ ဆံပင်ပျော့ဆေးများမှာ ဆံဆေးရည်ကို ထည့်သွင်းဖော်စပ်ကြပါတယ်။ chemical ပါသော ရှန်ပူများအစား သဘာဝဆန်ဆေးရည်က ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ပြီး အကုန်အကျ နည်းပါးစေတာပေါ့။ ထမင်းရည်မှာ inositol ပါဝင်ပြီး ဆံသားကို ပိုမိုအားကောင်းစေပါတယ်။ ထို့ပြင် သင့်ဦးရေပြားကို ဆန်ဆေးရည်ဖြင့် နှိပ်နယ်ပေးပါက သင့်ဆံပင်တွေကို အရင်းကနေ အဖျားထိ သန်မာစေပါတယ်။
Credit : Dr Jue (XYZ NEWS)

POPULAR POSTS

ads