Breaking

Friday, October 11, 2019

သစ္စာဖောက်သူကို အပြစ်တင်မလား စနိုင်ကြော်ကို ဝုန်းမလားဆိုပြီး မေးခွန်းထုတ်လာတဲ့ ရွှေအိမ်စည်

 နိုင်ငံခြားသူလေးတစ်ယောက်လို ညိုညက်ညက် အသားအရည်နဲ့ ရှည်လျားတဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားတဲ့ ရွှေအိမ်စည်က စွဲဆောင်မှုရှိတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားသူပါ။ ရွှေအိမ်စည်က အလှမယ်ဘဝထဲက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို များစွာခံခဲ့ရပြီး အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ သရုပ်ဆောင်နေရတဲ့ မင်းသမီးလေးတစ်လက် ဖြစ်လို့နေပါပြီ။


 ပရိသတ်တွေက ရွှေအိမ်စည်ရဲ့ ရုပ်ရည်အလှအပကို ကြိုက်နှစ်သက်ရုံသာမကပဲ သူမရဲ့ ပြတ်သားပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ စိတ်ဓာတ်ကောင်းတွေကိုလည်း သဘောကျနေရတာ ဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ ရွှေအိမ်စည်က သူမရဲ့ ပရိသတ်တွေကို "စနှိုက်ကျော်ခံရတယ်ဆိုရင် ကိုယ့်ကိုသစ္စာဖောက်တဲ့သူကို အပြစ်တင်မှာလား ဒါမှမဟုတ် ဆိုင်သူရှိတာကို သိရဲ့နဲ့ ကြောင်တောင်နှိုက် စနှိုက်ကျော်သွားတဲ့သူကို ဝုန်းမှာလား" ဆိုပြီး သူမသိချင်တာလေးကို မေးခွန်းထုတ်ထားပါတယ်။

ရွှေအိမ်စည်က အခုဆိုရင် Single တစ်ယောက်အနေနဲ့ တစ်ယောက်တည်း အနုပညာလုပ်ငန်းတွေကို တက်တက်ကြွကြွ အားတက်သရော လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ရွှေအိမ်စည်ကတော့ သူမစိတ်ထဲမှာ သိချင်နေတာကို ပရိသတ်တွေဆီ မေးခွန်းထုတ်ထားတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Shwe Eain Si's fb

POPULAR POSTS

ads