ဇနီးအပေါ်မှာရော၊ မိသားစုအပေါ်မှာပါ ဂရုတစိုက်နဲ့ ချစ်တတ်လွန်းတဲ့ သရုပ်ဆောင် နိုင်းနိုင်းကတော့ အိမ်ထောင်သက်တမ်း ဆယ်နှစ်ကျော်ကြာတဲ့အထိ စချစ်တုန်းကထက် မလျော့တဲ့ ချစ်ခြင်းတွေနဲ့ ချစ်ဇနီးကို ချစ်ခင်နေဆဲဆိုတာ မကြာခဏဆိုသလိုပြသလေ့ရှိပါတယ်။ လတ်တလောမှာတော့ နိုင်းနိုင်းရဲ့ချစ်ဇနီးလေးက အသေးစိတ်လေးကအစ ဂရုတစိုက်ရှိလှတဲ့ ခင်ပွန်းကြောင့် ကြည်နူးနေရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဇနီးသည်ကို ယုယုယယနဲ့ ကြင်နာတတ်လွန်းတဲ့ နိုင်းနိုင်းကတော့ ယောက်ျားလေးတွေ အတုယူသင့်တဲ့ စံပြခင်ပွန်းပါပဲနော်။
အဆိုပါ အကြောင်းအရာကတော့ နိုင်းနိုင်းက ချစ်ဇနီးကို မိတ်ကပ်လိမ်းပေးနေတဲ့ ပုံရိပ်လေးကိုပြပြီး၊ "မင်းသိရဲ့လား ကိုယ်မင်းကို ဘယ်လောက်ထိချစ်ပြီး ဂရုစိုက်လဲဆိုတာ" လို့ အဝေးက ချစ်ဇနီးကို လှမ်းပြီး ပြောပြနေတာပါ။ နိုင်းနိုင်းရဲ့ချစ်ဇနီးချောလေး စန္ဒီချိုကတော့ "Little things like that ...😍" ဆိုပြီး အခုလို အသေးစိတ်လေးကအစ ဂရုစိုက်တတ်တာကြောင့် ခင်ပွန်းကို ပိုချစ်ရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။မြန်မာပြည်မှာပဲချစ်ရတဲ့ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှုတွေလုပ်နေတဲ့ နိုင်းနိုင်းကတော့ နယူးယောက်မြို့မှာပဲ နေထိုင်ကြတဲ့ ဇနီးနဲ့ ကလေးတွေဆီကို ဖုန်းနဲ့ပဲ အမြဲ အဆက်အသွယ်လုပ်နေရတာပဲ ဖြစ်ပါတယ်။
အခုဆိုရင် အိမ်ထောင်သက်တမ်း ၁၁ နှစ်ကျော်သွားပြီဖြစ်တဲ့ သရုပ်ဆောင်နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ဇနီးမောင်နှံနှစ်ဦးကတော့ ချစ်စရာကောင်းတဲ့ သားသား၊မီးမီးလေး ၄ဦးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း နှစ်တွေ ဘယ်လောက်ကြာကြာ ဇနီးအပေါ် အချစ်တွေသာ ပိုပိုတိုးလာတဲ့ ချစ်တတ်လွန်းသူကြီး နိုင်းနိုင်းကိုသဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source:စန္ဒီချို
Wednesday, October 30, 2019
Home
/
Celebrity
/
အသေးစိတ်လေးကအစ ဂရုတစိုက်ရှိလှတဲ့ ခင်ပွန်းကြောင့် ကြည်နူးနေရတဲ့ နိုင်းနိုင်းရဲ့ချစ်ဇနီးချောလေး
အသေးစိတ်လေးကအစ ဂရုတစိုက်ရှိလှတဲ့ ခင်ပွန်းကြောင့် ကြည်နူးနေရတဲ့ နိုင်းနိုင်းရဲ့ချစ်ဇနီးချောလေး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity