Breaking

Sunday, October 20, 2019

နိုင်ငံခြားက အနုပညာရှင်တွေတောင် ငေးမောယူခဲ့ရတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ထင်ရှားတဲ့ အလှတရား


 ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးနဲ့ ကြည့်မဝလောက်အောင် လှရက်လွန်းတဲ့ အသွင်အပြင်လေးတို့ကြောင့် ပရိသတ်တွေရဲ့နှလုံးသားထဲမှာ နေရာအပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးမင်းသမီးတွေထဲက တစ်ဦးဖြစ်နေတာပါ။ လတ်တလောမှာတော့ ရွှေကစ်လေးက ဘန်ကောက်မှာပြုလုပ်တဲ့ Kanebo ပွဲကို တက်ရောက်ခဲ့တဲ့ သူမရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မြင်လိုက်တာနဲ့ ထင်းနေတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ပုံရိပ်တွေကတော့ ပွဲတက်လာသူတွေကိုပါ ငေးမောယူရစေခဲ့တာပါနော်။


 မိုမိုလေးချစ်ပရိသတ်တွေအတွက် နိုင်ငံခြားက အနုပညာရှင်တွေတောင် ရွှေကစ်လေးရဲ့အလှမှာ မျောသွားခဲ့ကြတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်နော်။
ဝတ်မှုန်ရွှေရည်ကတော့ "ကဲအားလုံးပဲ ကစ်တို့ရဲ့Kanebo Global Team နဲ့အတူ Bangkok မှာ The Exceptional Make up Base Press Event ခရီးစဉ်လေးလည်း အောင်မြင်စွာပြီးဆုံးသွား ပါပြီ။အရမ်းကို ပျော်စရာကောင်းတဲ့ ခရီးစဉ်လေးတခုပါ။ခရီးစဉ်စ သည်မှ အစ အဆုံးတိုင် တကယ်ကို လိုလေးသေးမရှိအောင် treatပေး ဂရုစိုက်ပေးတဲ့ Kanebo Myanmar က အမ Nge နှင့်team ကိုလည်းကျေးဇူးပါ။Short trip ခရီးစဉ်လေးဖြစ်ပေမယ့်အလှအပ ဗဟုသုတတွေလည်းရ အခြား Asia က KOLs တွေ နဲ့လည်းမိတ်ဆွေတိုးနဲ့ပျော်စရာပါ။Thank you so much KANEBO for treating me like a white princess 😘😘😘" ဆိုပြီး အဖြူရောင်မင်းသမီးလေး ဖြစ်ခဲ့ရတဲ့ သူမရဲ့အမှတ်တရတွေကို ထုတ်ပြောလာတာပါ။
ကြွကြွရွရွလေး ပွဲထဲလျှောက်လာတဲ့ ရွှေကစ်လေးရဲ့အလှက ထင်ရှားနေတာမို့ ပွဲတက်လာတဲ့ နိုင်ငံခြားက အနုပညာရှင်တွေတောင် ငေးမောယူခဲ့ရတဲ့အထိပဲနော်။



သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ ဘယ်ဇာတ်ရုပ်မျိုးကိုမဆို အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်ခြင်းကို ပိုပိုပြီးရရှိနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေကစ်လေးက ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတိုင်းလိုလိုကလည်း အောင်မြင်မှုတွေများစွာ ရရှိထားတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဘယ်နေရာမှာမဆို မြန်မာမင်းသမီးတစ်ယောက်ရဲ့အလှကို ထင်ထင်ရှားရှား ပြသနိုင်တဲ့ ရွှေကစ်လေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat credit-momolay.com
Source;Wutt Hmone Shwe Yi's Facebook

POPULAR POSTS

ads