Breaking

Wednesday, October 23, 2019

ဆံပင်အရှည်ပုံစံပြောင်းပြီး မမှတ်မိနိုင်လောက်အောင် ချောလာတဲ့ အိစိကွေး

 ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ သရုပ်ဆောင်အိစိကွေးကတော့ အခုဆိုရင် ခေါင်းဆောင်မင်းသား​နေရာက​နေ ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်​။ အမြဲတမ်း ပရိသတ်တွေအတွက် ကြိုးစားနေတဲ့ အိစိ​ကွေးက​တော့ လတ်တလောမှာလည်း ဆံပင်ပုံစံပြောင်းပြီး အရမ်းကြည့်ကောင်းနေတဲ့ သူ့ရဲ့ချစ်​စရာပုံရိပ်​လေး​တွေကို လူမှုကွန်​ယက်​စာမျက်​နှာ​ပေါ်မှာ​ဝေမျှ​ပေးထားတာ တွေ့ရပါတယ်။ အိစိကွေးကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ ဆံပင်အရှည်ပုံစံလေးနဲ့ သူ့ကိုအရမ်းကြွေနေကြတာပဲ ဖြစ်ပါတယ်နော်။

 အိစိကွေးကတော့ "ဆံပင်ရှည်သွားပြီ မိန်းကလေးနဲ့တူတယ်တော့ မပြောကြေး Thanks အမ Phyu Thin ရေ" ဆိုပြီး ဆံပင်ပုံစံပြောင်းထားတဲ့ သူ့ရဲ့ခပ်မိုက်မိုက်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ယောက်ျားလေးဆန်ပြီး ကြည့်လို့ကောင်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ အိစိကွေးကတော့ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ညီပြီး အရမ်းကြည့်ကောင်းနေတာပဲ ဖြစ်ပါတယ်။
#Eisi
အချစ်ရေးကိစ္စနဲ့ပတ်သတ်ရင်လည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းအသိပေးထားတဲ့ အိစိကွေးကတော့ လက်ရှိမှာ တစ်ကိုယ်တည်း ရှေ့ဆက်နေတဲ့ ချစ်စရာမင်းသားပေါက်စလေးပဲ ဖြစ်ပါတယ်။


မင်းသားပေါက်စလေး ဖြစ်နေပြီဖြစ်တဲ့ အိစိကွေးကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာ တွေ့ရပါတယ်။ မိဘကို အရမ်းသိတတ်တဲ့ အိစိကွေးကတော့ မကြာခဏဆိုသလို မိဘနှစ်ပါးကို သူတတ်နိုင်တာလေးနဲ့ ကန်တော့လေ့ရှိသူတစ်ဦးပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဆံပင်အရှည်လေးနဲ့ အရမ်းခန့်နေတဲ့ အိစိကွေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Eisi Kway's Facebook

POPULAR POSTS

ads