Breaking

Saturday, October 26, 2019

ချစ်သူပေးတဲ့ ပန်းစည်းကြောင့် စိတ်ကောက်ပြေလိုက်ရတဲ့ ဝါဆိုမိုးဦး

 အဆိုတော် ဖြိုးလေးကတော့ ဝါဆိုမိုးဦးနဲ့ ချစ်သူသက်တမ်းတစ်ခု ကြာအောင် အခိုင်အမာ လက်တွဲလာခဲ့တာ ဖြစ်ပါတယ်။ နှစ်ဦးသား သီချင်းတွေဖန်တီး ပွဲတွေအတူတက်ရင်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ပျော်ရွှင်တဲ့ RS လေးကို တည်ဆောက်ထားပါတယ်။ သီတင်းကျွတ်မှာ လူကြီး ၊ မိဘတွေကို ကန်တော့သလို ချစ်သူကိုလည်း ကန်တော့တယ်ဆိုတဲ့ ဝါဆိုမိုးဦး ပုံရိပ်တွေကို ပရိသတ်တွေက အားကျပြီး သူတို့ချစ်သူတွေကို mention ခေါ်ကြပါတယ်။ ရေမွှေးလက်ဆောင်နဲ့ ကန်တော့တဲ့ ချစ်သူလေးကို ဖြိုးလေးက မုန့်ဖိုးပြန်ပေးခဲ့ရပါသေးတယ်။
 မကြာသေးခင်ကမှ ဝါဆိုမိုးဦးတစ်ယောက် relationship ပြီးဆုံးသွားပြီဖြစ်ကြောင်း တင်ခဲ့တဲ့အတွက် ပရိသတ်တွေက သူနဲ့ ဖြိုးလေးရဲ့ အချစ်ရေးကို စိတ်ပူခဲ့ကြပါတယ်။ ဒါပေမဲ့ ပန်းစည်းနဲ့ လာချော့တဲ့ ချစ်သူကြောင့် စိတ်ကောက်ပြေသွားတဲ့ ဗီဒီယိုလေးကိုတော့ ဝါဆိုမိုးဦးက တင်ထားခဲ့ပါတယ်။
ဗီဒီယိုထဲမှာ စိတ်ကောက်နေတဲ့ ဝါဆိုမိုးဦးဆီ ပန်းစည်းအတင်းပေးပြီး “ငါ့အသည်းလေးကို ချော့ရမှာပေါ”့ လို့ဆိုကာ ချစ်သူပါးကို အတင်းဆွဲပြီး ဖြိုးလေးက ချော့နေတာ ဖြစ်ပါတယ်။ ချစ်သူရဲ့ အပြောအောက်မှာ အရည်တွေပျော်ပြီး ဝါဆိုမိုးဦးတစ်ယောက် စိတ်ဆိုးသမျှတွေ ပြေခဲ့ရပါတယ်။ ပြန်တည့်သွားတဲ့ သူတို့နှစ်ဦးကတော့ နိုဝင်ဘာလ (၁) ရက်နေ့မှာ ကျင်းပမယ့် Frenzo Halloween Show မှာ အတူတူ ပါဝင်ဆင်နွှဲသွားမှာ ဖြစ်ပါတယ်။

POPULAR POSTS

ads