Breaking

Friday, October 25, 2019

သူမနဲ့ ချွတ်စွပ်တူတဲ့ ချစ်စရာသမီးလေးရဲ့ပုံတွေကို ထုတ်ပြလိုက်တဲ့ စန္ဒီမြင့်လွင်

 အနုပညာကို ချစ်မြတ်နိုးလွန်းလို့ သီချင်းတွေကို ဖန်တီးရင်း ပရိသတ်တွေကို ချပြလေ့ရှိတဲ့ အဆိုတော် စန္ဒီမြင့်လွင်ကတော့ အဆိုပိုင်းမှာရော၊ သရုပ်ဆောင်ပိုင်းမှာပါ အောင်မြင်မှုတွေ ရရှိထားသူတစ်ဦးပါ။ လက်ရှိမှာ ချစ်ရတဲ့ ခင်ပွန်းရယ် သမီးလေးရယ်ကို ပိုင်ဆိုင်ထားတဲ့ စန္ဒီမြင့်လွင်ကတော့ သာယာပျော်ရွှင်တဲ့ မိသားစုတစ်ခုကိုလည်း ဖန်တီးထားနိုင်ပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စန္ဒီမြင့်လွင်က သူမနဲ့ ချွတ်စွပ်တူတဲ့ ချစ်စရာသမီးလေး ထရက်ရှာရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မေမေ စန္ဒီမြင့်လွင်နဲ့ တစ်ပုံစံတည်းတူတဲ့ ထရက်ရှာလေးကတော့ ပရိသတ်တွေရဲ့အသည်းကျော်လေးဖြစ်လာဦးမှာ အသေအချာပါပဲနော်။

 စန္ဒီမြင့်လွင်ကတော့ "Treasure ပုံလေးတွေတင်ပေးပါဆိုလို့ မေမေကလှလြှပင်ပေးပီးလှလှလေးရိုက်ပေးလိုက်တယ်ဟီဟိ❤️" ဆိုပြီး ချစ်စရာသမီးလေး ထရက်ရှာလွင်ရဲ့အသည်းယားဖွယ် ပုံလေးတွေကို ပရိသတ်တွေအတွက် ဝေမျှပေးထားတာ တွေ့ရပါတယ်။ မေမေ စန္ဒီမြင့်လွင်ကတော့ လက်ရှိမှာ သူမရဲ့အနုပညာအလုပ်ဘက်ကိုလည်း အချိန်ပြန်ပေးဖြစ်နေတယ်လို့ သိရပါတယ်။ချစ်စရာကောင်းလိုက်တာ သမီးလေးရယ် မေမေ စန္ဒီမြင့်လွင်နဲ့ ချွတ်စွပ်ပဲ...။မေမေ စန္ဒီမြင့်လွင်ရဲ့ပြင်ဆင်မှုနဲ့ အရမ်းချစ်ဖို့ကောင်းနေတဲ့ သမီးလေး ထရက်ရှာလွင်...။



စန္ဒီမြင့်လွင်ကတော့ ချစ်ရတဲ့ ခင်ပွန်း ကိုသီဟလွင်နဲ့ လက်ထပ်ခဲ့တာ အခုဆိုရင် အိမ်ထောင်သက်တမ်း တစ်နှစ်ကျော်သွားပြီပဲ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ရဲ့သမီးလေး ထရက်ရှာလွင်ကတော့ အခုအဆိုရင် သုံးလကျော်ရှိသွားပြီဖြစ်ပြီး၊ မိသားစုဝင်တွေရော ပရိသတ်တွေကပါ သဲသဲလှုပ်အချစ်ပိုနေကြရတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းတဲ့ စန္ဒီမြင့်လွင်တို့ မိသားစုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Dee Dee's Facebook

POPULAR POSTS

ads