Breaking

Sunday, October 27, 2019

လေယာဉ် ဆင်းသက်ချိန် အိမ်သာတက်ချင် စိတ်ကို မအောင့်အီးနိုင်ခဲ့လို့ ပြဿနာတက် အရှက်ကွဲခဲ့ရတဲ့ အလှမယ်လေး

 မလေးရှားမော်ဒယ်လ်တစ်ဦးဖြစ်ပြီး အသက် ၂၈ နှစ် ရှိပြီဖြစ်တဲ့ Sabee Chin ဟာ Miss Charming International 2017 ပြိုင်ပွဲမှာ ဆုရရှိခဲ့သူ အလှမယ်တစ်ဦးလည်း ဖြစ်ပါတယ်….
သူမဟာ ကွာလာလမ်ပူကို လေယာဉ်စီးလာရင်းနဲ့ စီးလာတဲ့ လေကြောင်းလိုင်းကို လေယာဉ်ပေါ်က အဖြစ်အပျက်တစ်ခုကြောင့် အွန်လိုင်းပေါ်မှာ အရှက်ခွဲဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး

 ဖြစ်စဉ်လေးကတော့ သူမရဲ့ လေယာဉ်ဟာ အမှတ်(၂)ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ် ကို ဆင်းသက်ကာနီးအချိန်မှာ သူမက အိမ်သာတက်ချင်လို့ အခြားခရီးသွားတစ်ဦးနဲ့ အတူ အိမ်သာ အသုံးပြုခွင့်ရဖို့ စောင့်နေခဲ့ပါတယ်….ဒါပေမဲ့လည်း လေယာဉ်အမှုထမ်းက လေယာဉ်ဆင်းတော့မှာ ဖြစ်လို့ အိမ်သာသုံးလို့ မရနိုင်တော့ဘဲ မိမိနေရာမှာ ပြန်ထိုင်ပေးဖို့ ပြောခဲ့ပါတယ်..ဒါပေမဲ့ Sabee Chin က လက်မလျှော့သေးဘဲ ၂ ကြိမ် ၃ ကြိမ်ထိ အိမ်သာသုံးခွင့်ပြုဖို့ တောင်းဆိုခဲ့ပေမဲ့လည်း မရခဲ့ပါဘူး…. အဲတာကြောင့် Sabee Chin ဟာ ဒေါသထွက်ပြီး လေယာဉ်အမှုထမ်းကို အော်ဟစ်ပြောဆိုတွေတွေလုပ်ပြီး မျက်နှာကိုလည်း ဓာတ်ပုံရိုက်ခဲ့ပါတယ်….. ဒါ့အပြင် သူမဟာ လေယာဉ်ဝန်ထမ်းတွေရဲ့ မျက်နှာတွေကို ဗီဒီယိုလိုက်ရိုက်ပြီး “ဒီလေယာဉ်က AirAsia ၊ AirAsia..” ဆိုပြီးတော့လည်း လေကြောင်းလိုင်းအမည်ကို အော်ဟစ်ခဲ့ပါတယ်
ဒီအဖြစ်အပျက်တွေဟာ အင်တာနက်မှာ ပြန့်သွားပြီးနောက်မှာတော့ လူတွေက လေယာဉ်အမှုထမ်းတွေကို အပြစ်မတင်ဘဲ သူမရဲ့ အပြူအမူကိုသာ မလုပ်သင့်ကြောင်းမှတ်ချက်တွေ ပြောဆိုခဲ့ကြပါတယ်… ဒါ့အပြင် သူမရရှိထားတဲ့ အလှမယ်ဘွဲ့ကို လှောင်ပြောင်ပြီး “Ms Toilet” လို့တောင် နာမည်ပေးခဲ့ကြပါတယ်….အဲဒီနောက်မှာတော့ Sabee Chin ဟာ Facebook မှာ Live လွှင့်ပြီးတော့ ပြန်လည်တောင်းပန်ခဲ့ရပါတော့တယ်….

တကယ်တော့ လေယာဉ်ဆင်းကာနီးနဲ့ တက်တဲ့ အချိန်တွေမှာ ခရီးသည်တွေဟာ မိမိနေရာမှာ ခါးပတ်ပတ်ပြီး စနစ်တကျ ထိုင်နေရမှာပဲ ဖြစ်ပါတယ်….. ဒါဟာ ခရီးသည်တွေ မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှာ စိုးတာကြောင့်ပဲ ဖြစ်ပါတယ်….ခုတော့ ဒါကို မသိတဲ့ မော်ဒယ်လေးဟာ လေကြောင်းလိုင်းကို အပြစ်တင်ဖို့ ကြိုးစားပေမဲ့ သူမသာ အများရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်…

Writer – HW (Shwe Yaung Lan)
Source : asiaone

POPULAR POSTS

ads