( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် ) ကျွန်တော်တို့ ကမ္ဘာပေါ်က လူသားတစ်ဦးချင်းဆီတိုင်းဟာ ကိုယ်ပိုင် အစွမ်းအစ တစ်ခုစီနဲ့ မွေးဖွားလာကြတာဖြစ်ပေမယ့် ပတ်ဝန်းကျင်ထဲ ရောက်ပြီး အရွယ်ရောက်တဲ့ အခါမှာတော့ သူတို့ရဲ့မွေးဖွားလာတဲ့ အစွမ်းအစဟာ ပတ်ဝန်းကျင်ရဲ့ အရိပ်မှာ လောင်းရိပ်မိပြီး သေဆုံးခဲ့ရတယ်လို့ကမ္ဘာစစ်တမ်းတစ်ရပ်က ဆိုပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်လည်း ကလေးကို ငယ်ငယ်ထဲက ကြီးလာရင် ဘာလုပ်မှာလဲဆိုပြီး အစချီလို့ သူတို့ ဖြစ်ချင်တဲ့ ဆရာဝန်ကြီး ၊ စစ်ဗိုလ်ကြီးတွေဖြစ်အောင် အရောင်ဆိုးကြတာ လူတိုင်းလည်း ကြုံဖူးကြမှာပါ။
အဲ့တော့ ကလေးက အနုပညာဖန်တီးတဲ့ ဉာဉ်ကလေးပါသည့်တိုင်အောင် မိဘတွေ ဖြစ်ချင်တာနဲ့ အံမဝင်တော့ သူ့ဗီဇဝါသနာကို ဖျောက်ဖျက်ရင် ဖျက် ၊ မဟုတ်ရင်လည်း သူတို့ အသိုင်းအဝိုင်းနဲ့ အဆင်မပြေဖြစ်ပြီး ပျက်ဆီးလေလွင့်သူကြသူတွေလည်း ရှိနေပါတယ်။အခုပြောပြပေးမယ့် ကလေးကတော့ အနုပညာဗီဇနဲ့ တွေ့မြင်ကြရမယ့် မောင်စိုင်းထက်ဇော်(ခ)ဖိုက်လုံး ရဲ့ အနုပညာလက်ရာလေးတွေပဲ ဖြစ်ပါတယ်။
သူဟာဆိုရင် ဘုန်းကြီးကျောင်းရှေ့မှာ ရှိတဲ့ သဲပုံလေးနဲ့ သူ့ရဲ့ အနုပညာလက်စွမ်းကို ပြခဲ့တာကြောင့် အားပေးသူအများအပြား ရရှိခဲ့တာလည်းဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ နင်းနေတဲ့ သဲတောင် အနုပညာဆန်ရင် လူတိုင်းနှစ်သက်ကြတယ်ဆိုတဲ့ အချက်ကို ပြသပေးလိုက်သူလည်းဖြစ်ပါတယ်။ ဒါကြောင့် ဘဝဟာ နင်းပြားဖြစ်နေပါစေ နှစ်လိုဖွယ်ရာ စိတ်ဓာတ်ရှိရင် လူချစ်လူခင်လည်း ပေါနိုင်တဲ့ ဆိုတဲ့အချက်ကို မမေ့မလျော့သတိပြုနိုင်စေဖို့လည်း မမေ့ပါနဲ့။မောင်စိုင်းထက်ဇော် ရဲ့ သဲနဲ့ ဖန်တီးတဲ့ အနုပညာလေးဟာဆိုရင်ဖြင့် အံ့သြထူးခြားနေတာကြောင့် သိရှိကြည့်ရှုနိုင်စေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Thursday, October 17, 2019
Home
/
Celebrity
/
အံ့ဩဖွယ် အနုပညာကို ကျောင်းရှေ့က သဲပုံပေါ်မှာ ထုတ်ဖော်ခဲ့တဲ့ မောင်စိုင်းထက်ဇော်(ခ)ဖိုက်လုံး
အံ့ဩဖွယ် အနုပညာကို ကျောင်းရှေ့က သဲပုံပေါ်မှာ ထုတ်ဖော်ခဲ့တဲ့ မောင်စိုင်းထက်ဇော်(ခ)ဖိုက်လုံး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity