Breaking

Wednesday, October 16, 2019

ပဲခူးမြို့က ရွှေနန်းတော်ပွဲကြီးကို လှပကျော့ရှင်းတဲ့ အနီရဲရဲဝတ်စုံလေးနဲ့ ပွဲတက်ခဲ့တဲ့ ဖွေးဖွေး

 ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေး ဖွေးဖွေးက အနုပညာလောကမှာတော့ လျှမ်းလျှမ်းတောက် နာမည်ကျော်ကြားသူလေး ဖြစ်ပါတယ်။ ဖွေးဖွေးက အကယ်ဒမီဆု (၃) ဆုတိတိကိုလည်း ဆွတ်ခူးပိုင်ဆိုင်ခဲ့ပြီး အားပေးသူ ပရိသတ် အခိုင်အမာ ရရှိထားသူလေးတစ်ယောက် ဖြစ်ပါတယ်။ ဖွေးဖွေးက လက်ရှိမှာလည်း  ပရိသတ်တွေအတွက် အနုပညာလုပ်ငန်းတွေကိုလည်း ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိပါတယ်။


 ဒီနေ့မှာတော့ ဖွေးဖွေးက ပဲခူးမြို့မှာ ကျင်းပပြုလုပ်တဲ့ ရွှေနန်းတော် စိန်ရွှေရတနာဆိုင်ရဲ့ ဆိုင်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပေးနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဖွေးဖွေးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ဖွေးဖွေးကတော့ ပဲခူးမြို့က သူမကို ချစ်တဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး ဆုံတွေ့ရင်း အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကူးပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဖွေးဖွေးကတော့ ဒီဇိုင်နာ ငြိမ်းကို ဆင်မြန်းပေးထားတဲ့ အနီရောင်ဝတ်စုံလေးနဲ့ တော်တော်လေး ကျက်သရေရှိရှိ လှပနေတာကို တွေ့မြင်ရတာ ဖြစ်ပါတယ်။ဖွေးဖွေးကတော့ ဘယ်အချိန်ကြည့်ကြည့် လှပကျော့ရှင်းနေတာပဲနော်။ ပရိသတ်ကြီးလည်း ဖွေးဖွေးရဲ့ ပုံရိပ်တွေကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Kyaw Kyaw Win & Nyein Ko's fb

POPULAR POSTS

ads