Breaking

Thursday, October 17, 2019

ချစ်ဇနီးလေးက အိမ်ထောင်ရှင်မပီသကြောင်း ပြောပြလာတဲ့ နန္ဒာလှိုင် ခင်ပွန်း

 နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူမသရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာရှိတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်ခဲ့တဲ့ သူမက ခုဆိုရင် သူမချစ်တဲ့ မိသားစုလေးနဲ့ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးပရိသတ်ကြီးအတွက် နန္ဒာလှိုင်ရဲ့ ခင်ပွန်းက ချစ်ဇနီးလေး အကြောင်းပြောပြထားတာလေးကို ဖော်ပြပေးလိုက်ပါတယ်။


 နန္ဒာလှိုင်က တို့မိသားစုလေး က ပရိသတ်တွေအားကျ ချစ်ခင်ရတဲ့ မိသားစု ဖြစ်သလို ချစ်စရာကောင်းတဲ့ သမီလေးတွေကလည်း ပရိသတ်တွေ ရဲ့ အချစ်ကို ပိုင်ဆိုင်ထားကြတာပါ။ မိသားစု ရဲ့ ပုံရိပ်ကလေးတွေကိုလည်း ချစ်တဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးလေ့ရှိပါတယ်။
ဒီတစ်ခါမှာတော့ နန္ဒာလှိုင် တို့မိသားစုက ဖားအံကို အပန်းဖြေခရီးအဖြစ်ရောက်ရှိနေကြပြီး သူမတို့ မိသားစု ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေကို ဖြတ်သန်းနေတာပါ။


ဖားအံ ဟိုတယ်မှာ အပန်းဖြေနေတဲ့ နန္ဒာလှိုင် ခင်ပွန်းက သူ့ချစ်ဇနီးလေးက အိမ်ထောင်ရှင်မပီသကြောင်း ကို ခုလို ပြောပြထားပါတယ်။" ကိုယ့်ဟိုတယ်မှာ ကိုယ့်အခန်းကို ကိုယ်တိုင်ဖုန်စုတ်တယ်။ ရေကန်အမှိုက် ကိုယ်တိုင်ရှင်းတယ်။ အပင်တွေ လိုက်ညှပ်တယ်။ ယောင်္ကျား အတွက် rum စပ်ပေးတယ်။" ဆိုပြီး ချစ်ဇနီးရဲ့ ပုံလေးတွေကို ဖော်ပြထားတာပါ။
နိုင်ငံကျော်သရုပ်ဆောင် မင်းသမီး နန္ဒာလှိုင်တို့ဇနီးမောင်နှံ ပုံရိပ်ကလေးတွေကို ပရိသတ်တွေတွေ့မြင်ရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;zay thiha

POPULAR POSTS

ads