Breaking

Tuesday, October 22, 2019

ချစ်ဇနီးရဲ့မျက်နှာလှလှလေးကို မိုးလင်းတိုင်းမြင်နေရတာ ဘယ်လောက်စိတ်ချမ်းသာကြောင်း ပြောလာတဲ့ ရွှေထူး

 တစ်ယောက်နဲ့တစ်ယောက် အရမ်းကိုချစ်ကြလွန်းလို့ ပရိသတ်တွေအားလုံးက အားကျနေရတဲ့ အဆိုတော် ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ ဝါသနာပါတဲ့ အနုပညာအလုပ်တွေလုပ်ရင်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို နှစ်ကိုယ်တူ ပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေထူးက ချစ်ရတဲ့ မိန်းမချောချောလေးကို ဘယ်လောက်ထိချစ်ကြောင်း ဝန်ခံထားတဲ့ စာလေးတစ်ကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ရွှေထူးရဲ့အချစ်ကြီးပုံကိုတော့ ပရိသတ်တွေက တော်တော်လေးကို သဘောကျနေကြတာပါနော်။


 မိုမိုလေးချစ်ပရိသတ်တွေအတွက် ချစ်ဇနီးချောလေးကို အရမ်း ချစ်တတ်လွန်းတဲ့ ရွှေထူးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ရွှေထူးကတော့ ဒီနေ့နံနက်ခင်းလေးမှာပဲ "မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ သိပ်ချစ်ရတဲ့ မိန်းမတစ်ယောက်ရဲ့မျက်နှာကို အမြဲမြင်ရတာ စိတ်ချမ်းသာလိုက်တာ" ဆိုပြီး သူချစ်ရတဲ့ မိန်းမတစ်ယောက်ကို မနက်တိုင်းမြင်နေရတာ အရမ်းစိတ်ချမ်းသာကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ရွှေထူးကတော့ မကြာခဏဆိုသလိုလည်း ရွှေမှုံလေးကို ဘယ်လောက်ထိချစ်ကြောင်း လူမှုကွန်ယက်မှာ ဝေမျှလေ့ရှိသူတစ်ဦးပါ။



အဆိုတော် ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်ဦးဆီမှာတစ်ဦး အချစ်စစ်ကို ရှာဖွေတွေ့ရှိခဲ့ကြတာမို့ အိမ်ထောင်တစ်ခုကို တည်ထောင်ခဲ့ကြတာ အခုဆိုရင် အိမ်ထောင်သက်တမ်း တစ်နှစ်တိတိ ပြည့်တော့မှာပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ဦးကတော့ နှစ်ယောက်အတူပေါင်းပြီး သီချင်းတွေ လုပ်သွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်တတ်လွန်းသူကြီး ရွှေထူးကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းလွန်းသူလေး ရွှေမှုံကို အားကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat credit-momolay.com
Source;Htoo Khant's Facebook

POPULAR POSTS

ads