Breaking

Wednesday, October 23, 2019

ဆယ်လီမီးမီးလေးတွေဖြစ်တဲ့ ထိပ်လေး၊ ခေတ်လေး၊ ကိကိလေးတို့နဲ့ ပွဲအတူတက်ခဲ့တဲ့ ချစ်သုဝေ

 အနုပညာအလုပ်တွေ  လုပ်နေရရင်ကို ပျော်နေတဲ့ အဆိုတော် မင်းသမီးချောလေး ချစ်သုဝေကတော့ ချစ်စရာကောင်းတဲ့ သမီးချောလေးနှစ်ယောက်ရယ် သူမကို အရမ်းတန်ဖိုးထားတဲ့ ခင်ပွန်းရယ်နဲ့ အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ချစ်သုဝေက ဆယ်လီမီးမီးလေးတွေဖြစ်ကြတဲ့ ထိပ်လေး၊ ခေတ်လေး၊ ကိကိလေးတို့နဲ့ ပွဲအတူတက်ခဲ့တဲ့ ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရမ်းကို ချစ်စရာကောင်းတဲ့ တီတီချစ်သုဝေကိုတော့ သမီးလေးတွေက တော်တော်လေးကို အချစ်ပိုနေကြတာပါနော်။


 မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်ဖို့ကောင်းလွန်းတဲ့ ဆယ်လီသမီးလေးတွေနဲ့ ပွဲတက်ခဲ့တဲ့ တီတီ ချစ်သုဝေရဲ့ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ချစ်သုဝေကတော့ "ဒီနေ့ Lifebuoy ရဲ့ help a child learn hand washing ပွဲလေးမှာ ကလေးဗိုလ် လုပ်ခဲ့တယ်!!ကိကိလေးရော ထိပ်လေးရော ခေတ်လေးရော ချစ်ဖို့ကောင်းလိုက်ကြတာရယ်❤️ဒါနဲ့Lifebuoy ရဲ့ ဆပ်ပြာရည်ဘူးတွေ ဝယ်ပြီးပြီလားဝေ့????ကလေး၁ယောက်လက်ဆေးခြင်းအလေ့အထသင်ကြားဖို့    ငွေကျပ် ၂၀၀လှူပြီးသားဖြစ်မှာနော့!!!" ဆိုပြီး ချစ်စရာကောင်းတဲ့ သူမတို့ရဲ့ပွဲတက်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ချစ်စရာသမီးလေး ကိကိကတော့ တီတီချစ်သုဝေကို အရမ်းချစ်လွန်းလို့ ပြေးဖက်တာကြောင့် ချစ်သုဝေတစ်ယောက် အရည်တွေ ပျော်ခဲ့ရတာပါ။ ခေတ်လေးကလည်း ချစ်သုဝေရဲ့ပေါင်ပေါ်မှာ ချွဲနေတာ ချစ်စရာလေးနော်။ချစ်သုဝေကို ချစ်ကြတဲ့ ကျောင်းသူလေးတွေကလည်း လက်မှတ်တွေ ဝိုင်းထိုးခိုင်းကြတာ ချစ်စရာလေးတွေ...။



စိတ်ထားအရမ်းကောင်းတဲ့ ချစ်သုဝေကတော့ အနုပညာအလုပ်တွေသာမကပဲ လူမှုကူညီရေးနဲ့ အများနဲ့ဆိုင်တဲ့ ကိစ္စတွေမှာလည်း အားကြိုးမာန်တက် ပါဝင်လုပ်ဆောင်တတ်သူတစ်ဦးမို့ ပရိသတ်တွေက ပိုပိုပြီး အချစ်ပိုနေကြရတာပါ။ လတ်တလောမှာတော့ ချစ်သုဝေက ချစ်သမီးလေးတွေကိုထိန်းရင်း အနုပညာအလုပ်တွေလည်း လုပ်ဖြစ်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းတဲ့ မီးမီးလေးသုံးယောက်နဲ့ ချစ်သုဝေတို့ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat credit-momolay.com
Source;Chit Thu Wai's Facebook

POPULAR POSTS

ads