Breaking

Monday, October 21, 2019

ထူးထူးဆန်းဆန်း ကြောင်ကို မာဆက်နှိပ်ပေးနေတဲ့ ပိုင်တံခွန်ရဲ့ ချစ်စရာ ဗီဒီယို

 နိုင်ငံကျော် သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်က လက်ရှိမှာတော့ သူ့ရဲ့ ဆန်းအတက်ဆုံးအချိန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေထိပါ ထိုးဖောက်အောင်မြင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ ကြံခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ချောမောတဲ့ရုပ်ရည်ကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတာပါ။
 အောင်မြင်လာတာနဲ့အမျှ အနုပညာလုပ်ငန်းတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေရတဲ့ ပိုင်တံခွန်က ဒီနေ့ ရှုတင်နားချိန်လေး နေအိမ်မှာ အနားယူရင်း သူ့ရဲ့ ကြောင်းလေးကို အလွမ်းသယ်နေတာ ဖြစ်ပါတယ်။ပိုင်တံခွန်က သူ့ရဲ့ကြောင်လေးနားမှာ ပွတ်သီးပွတ်သပ်နေပြီး အာဘွားတွေပေးလိုက်၊ နှိပ်ပေးလိုက်နဲ့လုပ်နေတာ အရမ်းကို ချစ်စရာကောင်းလှပါတယ်။ မိုမိုလေးပရိသတွေအတွက် ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။





ပိုင်တံခွန်ကတော့ သူ့သားသားလေးကို အသည်းတွေယားပြီး တစ်မျိုးပြီးတစ်မျိုး စ. နေတာ ချစ်စရာကြီးနော်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena credit-momolay.com
Source: Paing Takhon's fb

POPULAR POSTS

ads