Breaking

Saturday, October 26, 2019

” မြန်မာ့ရုပ်ရှင်ရဲ့ ငွေရတုခေတ်ကို ပြန်လည်ခေါ်ဆောင်သွားမည့် ပိုင်ဖြိုးသုနဲ့ နေတိုး “

 နိုင်ငံကျော်မင်းသမီးတွေထဲကတစ်ယောက်အပါအဝင်ဖြစ်တဲ့ ပိုင်ဖြိုးသုကတော့ ပရိသတ်အချစ်တွေကို သိမ်းပိုက်ထားနိုင်သူတစ်ယောက်ပါ။ ပြည်သူအကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ကြင်နာတတ်တဲ့ အနုပညာရှင်ဆရာဝန်မလေးတစ်ယောက်လည်းဖြစ်ပါတယ်။ပိုင်ဖြိုးသုက အနုပညာအလုပ်တွေကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်တတ်သူတစ်ယောက်ဖြစ်ပြီးတော့ သူမရဲ့ ပထမဆုံးအကယ်ဒမီဆုကို “Three Girls”ရုပ်ရှင်ဇာတ်ကားနဲ့ ထိုက်တန်စွာသိမ်းပိုက်ထားနိုင်သူတစ်ယောက်ပါ။ပိုင်ဖြိုးသုဟာဆိုရင် ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးကိုယ်တိုင်ရိုက်ကူးထားတဲ့ “မီ”ရုပ်ရှင်ဇာတ်ကားဟာလည်း ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစားခဲ့ရတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

 နေတိုး ကလည်း ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ဘက်စုံတော်တဲ့အနုပညာရှင်တစ်ဦးဖြစ်တယ်လို့ ပရိသတ်တွေကောက်ချက်ချခံထား ရတဲ့သူတစ်ဦး ဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်ချက်တွေကြောင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ကို (၃) ဆုရရှိထားတာ ဖြစ်ပြီး အောင်မြင်တဲ့ ထိပ်တန်းမင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။နေတိုးနဲ့ပိုင်ဖြိုးသုတို့ကတော့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အတွဲ ညီညီနဲ့သရုပ်ဆောင်ချက်တွေက ပရိသတ်တွေရဲ့တခဲနက်အားပေးမှုရရှိခဲ့ပါတယ်။မကြာသေးမီကမှ ရုံတင်ပြသခဲ့တဲ့ စပွန်ဆာရုပ်ရှင်မှာလည်း တွဲဖက်သရုပ်ဆောင်ထားပါသေးတယ်။


လက်ရှိမှာတော့ ရုပ်ရှင်နှစ်(၁၀၀)ပြည့်အမှတ်တရပြက္ခဒိန်မှာ “ငွေရတုခေတ်”(၁၉၂၀_၁၉၄၅) ကိုပုံဖော်တာကို ” ရုပ်ရှင်နှစ်(၁၀၀)ပြည့်အမှတ်တရပြက္ခဒိန်ရိုက်ကွင်း “ငွေရတုခေတ်”(၁၉၂၀_၁၉၄၅) အစကတော့ပုံအချောလေးဦးမိုးမင်း(Rays) ဆီကရမှပုံတင်တော့မလို့ဒါပေမယ့်သုသုရဲ့ We love group admin ကောင်းမြတ်ရဲ့ကဗျာလေးကိုသဘောကျလို့အမြည်းသဘောနဲ့ကြိုတင်လိုက်ပါတယ် “လို့ပိုင်ဖြိုးသုရဲ့ လူမှုကွန်ရက်စာမျက်နာမှာဖော်ပြထားပါတယ်။CeleGabar ပရိသတ်ကြီးအတွက် မြန်မာ့ရုပ်ရှင်ရဲ့ ငွေရတုခေတ်ကို ပြန်လည်ခေါ်ဆောင်သွားမည့် ပိုင်ဖြိုးသုနဲ့ နေတိုးတို့ရဲ့ ပုံရိပ်ကိုမျှဝေလိုက်ပါတယ်။redit – celegabar

POPULAR POSTS

ads