Breaking

Friday, October 18, 2019

ရွှေမှုံက တစ်ခါတစ်လေ သူ့ကို မချစ်ချင်ဟန်ဆောင်နေတတ်တယ်လို့ အသည်းယားစွာ ထုတ်ပြောလာတဲ့ ရွှေထူး

 တစ်​ယောက်​ကိုတစ်​ယောက်​ကြင်​နာတတ်​လွန်းတဲ့ ကြည်​နူးဖွယ်​အပြုအမူ​လေး​တွေ​ကြောင့် ပရိသတ်​တွေ အားကျချစ်​ခင်​ရတဲ့​ရွှေထူးနဲ့​ရွှေ​မှုံရတီတို့ ဇနီး​မောင်​နှံက​တော့ အချစ်​တွေအပြည့်​နဲ့ သာယာ​ပျော်​ရွှင်​တဲ့ အိမ်​ထောင်​ရေးကို ပိုင်​ဆိုင်​ထားတာပါ။ လတ်​တ​လောမှာ​တော့​ ရွှေမှုံ​လေးက ခင်​ပွန်းဖြစ်​သူကို အရမ်းချစ်ကြောင်း စာလေးတစ်စောင်ရေးပြီး လူမှုကွန်ယက်မှာ ထုတ်ပြောလာတာ တွေ့ရပါတယ်။ ရွှေထူးကတော့ ချစ်ဇနီးရဲ့စာလေးကိုဖတ်ပြီး တစ်ခါတလေ သူ့ကို မချစ်ချင်ယောင်ဆောင်တတ်သူလေး ရွှေမှုံ့အကြောင်း အသည်းယားစွာ ထုတ်ပြောလာတာ တွေ့ရပါတယ်။ သူတို့နှစ်ဉီးရဲ့ ကြည်နူးစရာ အပြုအမူလေးတွေကတော့ ပရိသတ်ကိုပာ ပြုံးမိသွားစေပါတယ်နော်။


 ရွှေမှုံရတီကတော့ "သူနဲ့ပတ်သတ်လာရင် အရာရာက လှပတယ်လို့ ခံစားရစေတယ် သူ့ကို မြင်နေရရင်ကို ပျော်ရွှင်လာတယ် ဘာကြောင့်လဲဆိုတော့ သူဖြစ်နေလို့ကို အဲ့လိုခံစားမှုတွေ ဖြစ်လာတာပဲ တကယ်တော့ အချစ်က လူကို ကြည်နူးစေတယ်ကွယ်" ဆိုပြီး ခင်ပွန်းကို ဘယ်လောက်ထိချစ်ကြောင်း ရင်ဖွင့်ထားတာပါ။
ရွှေထူးကတော့ ဇနီးချောလေးရဲ့ ရင်ဖွင့်စာလေးကိုဖတ်ပြီး " တစ်ခါတစ်လေ ငါ့ကိုမချစ်ချင်ဟန်ဆောင်တဲ့ပုံဟာ သိပ်အမြင်ကတ်စရာကောင်း" ဆိုပြီး တစ်ခါတစ်ခါ သူ့ကိုမချစ်ချင်ဟန်ဆောင်တတ်တဲ့ဇနီးကိုအသည်းယားနေတဲ့အကြောင်း ရေးသားထားတာပါ။


ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီး​မောင်​နှံနှစ်ဦးကတော့ လက်​ရှိမှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ အပြည့်နဲ့ အခက်အခဲတွေကိုရင်ဆိုင်ပြီး ခိုင်ခိုင်မြဲ လက်တွဲထားကြတာပဲ ဖြစ်ပါတယ်။ မိုမို​လေးချစ်​ပရိသတ်​တွေလည်း​နှစ်​ယောက်​သား အရမ်းကို ချစ်နေကြတဲ့​ ရွှေနှစ်​ရွှေစုံတွဲ​လေးကို ချစ်ရင် Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Htoo Khant's Facebook

POPULAR POSTS

ads