"အချစ်သင်္ကေတ" ဇာတ်လမ်းတွဲမှာကတည်းက မာယာချိုဆိုတဲ့ ဇာတ်ကောင်နဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်က ဇာတ်လမ်းတွဲတွေရဲ့ အရှင်သခင်မလေးလို့တောင် ဆိုလို့ရပါတယ်။ ဝင့်ယမုံနိုင်က ဇာတ်လမ်တွဲတော်တော်များများမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ရလို ရုပ်ရှင်ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့ ဝင့်ယမုံနိုင်ကို ကျက်သရေရှိလှတဲ့ အဖြူရောင် မြန်မာဝတ်စုံလေးနဲ့ တွေ့မြင်ရတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဝင့်ယမုံနိုင်ရဲ့ လှပလွန်းတဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။
ဝင့်ယမုံနိုင်က "ဘုရားသွားကျောင်းတက်လေးတော့ ‘မ’ ဘေးနားရှိနေပေးသင့်ပြီနော်" တဲ့ 💐အမြဲတမ်း ရိုးရိုးယဉ်ယဉ်လေးသာ တွေ့ရတတ်တဲ့ ဝင့်ယမုံနိုင်ကို အခုလို မြန်မာဝတ်စုံလေးတွေနဲ့ဆို ပရိသတ်တွေက အရမ်းသဘောကျကြတာကို တွေ့ရပါတယ်။ဝင့်ယမုံနိုင်က "အခန်းနံပါတ် ၁၈" ဆိုတဲ့ ဇာတ်လမ်းတွဲကို ကျော်ဆု၊ နေခြည်ရွှန်းလက်၊ သက်ဦးကို၊ လင်းမြတ်၊ ရန်လင်းအောင်၊ မြနှင်းရည်လွင်နဲ့ ရိုက်ကူးခဲ့ပြီး အခြားသော အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေလျက်ရှိပါတယ်။
ဝင့်ယမုံနိုင်ကတော့ တစ်နေ့တစ်ခြား ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို များစွာ ရရှိနေသူလေးပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ဝင့်ယမုံနိုင်ကို ဒီထက်ပိုပြီး အားပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Wint Yamone Naing's fb
Photo: Li John
Tuesday, October 29, 2019
Home
/
Celebrity
/
ကျက်သရေရှိတဲ့ မြန်မာဝတ်စုံလေးနဲ့ မြင်သူရင်ကိုအေးစေတဲ့အပြုံးပိုင်ရှင်လေး ဝင့်ယမုံနိုင်
ကျက်သရေရှိတဲ့ မြန်မာဝတ်စုံလေးနဲ့ မြင်သူရင်ကိုအေးစေတဲ့အပြုံးပိုင်ရှင်လေး ဝင့်ယမုံနိုင်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity