Breaking

Wednesday, October 30, 2019

သုံးတန်းတုန်းက သင်္ချာကို သုံးမှတ်နဲ့ကျတဲ့အကြောင်း ချစ်စနိုးလေးဝန်ခံလာတဲ့ ချမ်းမြေ့မောင်ချို

 Myanmar Idol Season 3 ရဲ့ ဒုတိယဆုရှင် ချမ်းမြေ့မောင်ချိုဟာဆိုရင် တစ်နိုင်ငံလုံးက ပရိသတ်တွေ သည်းသည်းလှုပ်အားပေးရတဲ့ အဆိုတော်မလေး တစ်ဦးပါ ။ ချမ်းမြေ့မောင်ချိုက လက်ရှိမှာတော့ သူမဝါသနာပါတဲ့ သီချင်းတွေတောက်လျှောက်ဆို ဖြစ်နေပြီး အခြားသော အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေပါတယ်။ ပရိသတ်တွေကလည်း ချမ်းမြေ့မောင်ချိုရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်ကြတာ ဖြစ်ပါတယ်။

 ချစ်စရာကောင်းပြီး ပွင့်ပွင့်လင်းလင်း ပြေဆိုနေထိုင်တတ်တဲ့ ချမ်းမြေ့မောင်ချိုရဲ့ အပြောအဆို၊ အမူအယာလေးတွေကိုလည်း ပရိသတ်တွေက သဘောကျနေရတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ချမ်းမြေ့မောင်ချိုက သူမ ငယ်စဉ်က ရယ်စရာ အဖြစ်အပျက်တစ်ခုကို အခုလိုပဲ ပြောပြလာပါတယ်။
"စာကျက်နေရင်းနဲ့ ငယ်ငယ်ကအကြောင်းကို ပြန်စဉ်းစားမိတယ်။ ငါတော်တော်ဉာဏ်ကောင်းပါလားဆိုပြီး ကွကိုယ်အရမ်းအထင်ကြီးသွားတယ်။ ဘာလို့လဲ ဆိုတော့ သုံးတန်းတုန်းက သင်္ချာကို သုံးမှတ်နဲ့ကျတာကို အခုထိမှတ်မိနေလို့ပဲ 🤪" ဆိုပြီး ရယ်စရာပြောပြထားတာ ဖြစ်ပါတယ်။

ချမ်မြေ့မောင်ချိုက လက်ရှိမှာတော့ ဒဂုံတက္ကသိုလ်မှာ အဝေးသင်စာမေးပွဲကြီးကို ဖြေဆိုနေရတာမို့ စာတွေကို ကြိုးစားပန်းစား လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ချမ်းမြေ့မောင်ချိုကတော့ နိုင်ငံကျော် အဆိုတော်လေး တစ်ယောက်ဖြစ်ပေမယ့် ဟန်ဆောင်ခြင်းမရှိပဲ ပွင့်လင်းစွာ နေထိုင်ပြောဆိုတတ်သူလေး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ချမ်းမြေ့မောင်ချိုရဲ့ ငယ်ဘဝအကြောင်းလေးကို သိရလို့ ကျေနပ်ကြမယ် ထင်ပါတယ်နော်။

Rowena
Source: ChanMyae MgCho

POPULAR POSTS

ads