မြန်မာနိုင်ငံရဲ့ rock အဆိုတော်တွေထဲက အောင်မြင်ကျော်ကြားဆုံးထဲက တစ်ယောက်ဖြစ်တဲ့ ဂန္တဝင် rock အဆိုတော်ကြီး ဇော်ဝင်းထွဋ် ဟာ လူကြီးလူငယ်ရော အားပေးကြတဲ့ rock အဆိုတော်ကြီးတစ်ဦီးလည်းဖြစ်ပါတယ်။ အကောင်းဆုံးစာသားနဲ့ အကောင်းဆုံး အသံပါဝါတွေကြောင့် အရင်ထဲက ခုချိန်ထိ ပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူနေသူကြီးလည်း ဖြစ်ပါတယ်။
ဇော်ဝင်းထွဋ် ဟာ တန်ဆောင်မုန်းလပြည့်နေ့မှာ ကျင်းပမယ့် ဆေးပေါင်းခတဲ့ည Rock Show ပွဲအတွက်စီစဉ်တဲ့ပွဲမှာ interview ကနေမှတစ်ဆင့် နောက်ဆုံးမျက်လုံးနှစ်လုံး မပိတ်ခင်အထိ သီချင်းတွေသီဆိုနေအုံးမယ်ထင်တယ်လို့ ပရိသတ်ကို ပြောပြခဲ့တာလည်းဖြစ်ပါတယ်။နိုဝင်ဘာ ၁၁ မှာကျင်းပမယ့်ဆေးပေါင်းခတဲ့ ညပွဲမှာ မြန်မာနိုင်ငံရဲ့ နာမည်ကြီး rock အဆိုတော်တွေဖြစ်တဲ့ ဇော်ဝင်းထွဋ်၊ ရင်ဂို၊ ဂျေမောင်မောင်၊ ဝေလ၊ ကျားပေါက်၊ နိုဗန်ထူး၊ ရေမွန် နဲ့ ဟန်နေတာ တို့ပါဝင်ဖျော်ဖြေမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အကောင်းဆုံး Rock Show တွေထဲက တစ်ခုလို့လဲ သတ်မှတ်လို့ရပါတယ်။
အသက် ၅၅ ကျော်ပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ဂန္တဝင် rocker ကြီး ဇော်ဝင်းထွဋ်ဟာ အရင်က အမိုက်စား သံစဉ်၊ အကာင်းဆုံးစာသားတွေနဲ့ ပရိသတ် ကိုဖျော်ဖြေလေ့ရှိပြီး လက်ရှိမှာတော့ ရှိုးပွဲအချို့ကို သီဆိုနေတာလည်းဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တို့ရော အသက်ကြီးပေမယ့်မပျက်စီးသေးတဲ့ ဂန္တဝင် rocker ကြီးအားပေးကြသေးလားဗျ။ အဆုံးထိဖတ်ရှု ပေးတဲ့ အတွက် မိုမိုလေးမှ ကျေးဇူးတင်ရှိပါတယ်။
Ref: Mo Mo Lay's Interview
Leo
credit-momolay.com
Thursday, October 31, 2019
Home
/
Celebrity
/
နောက်ဆုံး မျက်လုံးနှစ်လုံးမပိတ်ခင်အချိန်အထိ သီချင်းတွေသီဆိုနေနိုင်အုံးမယ်ထင်တယ်ဆိုတဲ့ ဇော်ဝင်းထွဋ်
နောက်ဆုံး မျက်လုံးနှစ်လုံးမပိတ်ခင်အချိန်အထိ သီချင်းတွေသီဆိုနေနိုင်အုံးမယ်ထင်တယ်ဆိုတဲ့ ဇော်ဝင်းထွဋ်
Tags
# Celebrity
About Phyo Lay
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity