Breaking

Friday, October 4, 2019

” နှင်းဆီအငြိမ့်အဖွဲ့ ရန်ပုံငွေပွဲမှာ ဖုတ်လှိုက်ဖုတ်လှိုက် သီချင်းကို မေတ္တာဖြင့် အသုံးပြုခွင့်ပေးလိုက်တဲ့ စိုင်းစိုင်း “

 နှင်းဆီအငြိမ့်အဖွဲ့ကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ မင်းမော်ကွန်း၊ ရဲလေးတို့က လူရွှင်တော်တွေအနေနဲ့ ပါဝင်ပြီး ဒါရိုက်တာ မောင်မျိုးမင်းက ဦးဆောင်ကာ ဖွဲစည်းထားတဲ့ အငြိမ့်အဖွဲ့ တစ်ဖွဲ့ပါပဲနော်။ မင်းသမီးတွေအနေနဲ့ လည်း မေကဗျာ၊ ဖူးစုံ၊ မိုးပြည့်ပြည့်မောင်၊ မိုးယုစံတို့က ပင်တိုင်ပါဝင်ကပြဖျော်ဖြေပေးလေ့ရှိပါတယ်။

 လက်ရှိမှာတော့ နှင်းဆီအငြိမ့်အဖွဲ့ဟာ မြန်မာနိုင်ငံအရပ်ရပ်က ဘေးအန္တရာယ်တွေကြောင့် ဒုက္ခရောက်နေရတဲ့ ပြည်သူတွေအတွက် ရန်ပုံငွေပွဲတွေကိုသာကျင်းပပြီး ကပြဖျော်ဖြေကာ ရံပုံငွေရရှိနိင်ဖို့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကပြဖျော်ဖြေမှာပါ။ကပြဖျော်ဖြေရာမှာ နှင်းဆီအငြိမ့်အဖွဲ့ ရန်ပုံငွေပွဲမှာ စိုင်းစိုင်းရဲ့ ဖုတ်လှိုက်ဖုတ်လှိုက်သီချင်း ကို အသုံးပြုခွင့် တောင်းခံခဲ့တာဖြစ်ပါတယ်။တောင်းခံမှုအတွက်လည်း စိုင်းစိုင်းကခွင့်ပြုခဲ့ပါတယ်နော်။
HipHop အဆိုတော်တွေထဲမှာ စိုင်းစိုင်းခမ်းလှိုင်ကတော့ မသိသူမရှိသလောက်ပါပဲနော်။ အမျိုးသမီးပရိသတ်တွေရဲ့ အသည်းစွဲ အနုပညာရှင်ဖြစ်တာကြောင့် တချို့ သော အမျိုးသားပရိသတ်တွေရဲ့ Troll ခြင်းခံရတာတွေတော့ရှိပေမယ့် သူ့ကို Troll တဲ့သူတွေကို ပညာသားပါပါ တုံ့ပြန်ကာ ပရိသတ်တွေကို အချစ်ကို ပိုမိုတိုးလာအောင် ပြုလုပ်တတ်ပါသေးတယ်နော်။အရာရာမှာ သဘောထားကြီးကာ လူမှုဆက်ဆံရေးကောင်းမွန်တဲ့ စိုင်းစိုင်းကတော့ ” နှင်းဆီအငြိမ့်အဖွဲ့ ရန်ပုံငွေပွဲမှာ ကျနော့်သီချင်း ( ဖုတ်လှိုက်ဖုတ်လှိုက် ) ကို မေတ္တာဖြင့် အသုံးပြုခွင့်ပေးပါသည်။” ဆိုပြီး တောင်းခံခွင့်စာလေးကို ဓာတ်ပုံနဲ့တကွ ဖော်ပြပေးခဲ့တာပါ။ပရိသတ်ကြီးလည်း နှင်းဆီအငြိမ့်အဖွဲ့ ရန်ပုံငွေပွဲကို အားပေးဖို့ အဆင့်ပဲလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။Source :Sai Sai Kham Leng,CRD-CELE GABAR

POPULAR POSTS

ads