Breaking

Thursday, October 24, 2019

ကြီးလာရင် ဆရာဝန်လည်းလုပ်မယ် ဘုန်းကြီးလည်းဝတ်မယ်ဆိုတဲ့ သားလေးကြောင့် ကြည်နူးနေတဲ့ မယ်လိုဒီ

 ထူးခြားပြီး ​အေးချမ်းလွန်းတဲ့ အလှတရားကို ပိုင်​ဆိုင်​ထားတဲ့ မင်းသမီး​ချော​လေး မယ်​လိုဒီက​တော့ လက်​ရှိမှာ ချစ်​ရတဲ့ သား​လေးရယ်​ခင်​ပွန်းရယ်​နဲ့အတူ သာယာ​ပျော်​ရွှင်​တဲ့ မိသားစုဘဝ​လေးကို ပိုင်​ဆိုင်​ထားတာပါ။ လတ်​တ​လောမှာ​တော့ မယ်​လိုဒီက ငယ်​ငယ်​လေးနဲ့ ဘာသာတရားအရမ်းသိပြီး လိမ္မာလွန်းတဲ့ သား​လေးရဲ့ အနာဂါတ်အကြောင်းတွေကို တွေးရင်း သူမရဲ့စိတ်ကူးတွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ မယ်​လိုဒီရဲ့ သား​လေး သိဒ္ဓိစစ်​က​တော့ အ​မေနဲ့တူလို့ အရမ်းကို​ချောပြီး လိမ္မာသူလေးမို့ ပရိသတ်​တွေက အရမ်းချစ်​ကြတာပါ​နော်​။

 မိုမိုလေးချစ်ပရိသတ်တွေအတွက် သားလိမ္မာလေးကို ပိုင်ဆိုင်ထားလို့ ပျော်နေတဲ့ မယ်လိုဒီရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။မယ်လိုဒီကတော့ "မေမေ့အချစ်ကလေး ကြီးလာရင် ဘာလုပ်မှာလဲမေးတာ ဆရာဝန်လုပ်မှာတဲ့ ဘုန်းကြီးရောဝတ်မှာလား မေးတော့ ဝတ်မယ်တဲ့ ဘယ်လောက်ကြာကြာဝတ်မှာလဲမေးတော့ ခဏတဲ့ ကြော်ငြာတွေ မေမေ လက်ခံရမှာလား သားရိုက်မှာလား မရိုက်ဘူးလား မေးတော့ ရိုက်မယ်လက်ခံပါတဲ့ မိဘနေရာရောက်တော့ သားသမီးအလိုမတူရင် ကြော်ငြာတောင် လက်မခံရဲဘူး သားရဲ့သဘောထား လေးစားသမူ့နဲ့မေးရသေးတယ် (ဒါတောင် ၄နှစ်ကျော်လေးဘဲရှိသေးတာ)မေမေကတော့ သားလေး သားလေးကို သာသနာ့ဘောင်ထဲမှာ နေစေချင်တဲ့ရည်ရွယ်ချက်ကတော့ ဘယ်တော့မှမပျောက်သွားပါဘူး ဒါပေမယ့် သားဖြစ်ချင်တာကိုဘဲ အကောင်းဆုံး ပံ့ပိုးသွားမှာပါမေမေရဲ့ချစ်ခြင်းမေတ္တာက သားလေးအတွက် အပူမီးမဖြစ်စေရအောင် ချစ်ပါမယ် သားလေး ချစ်ရတဲ့သူရှိလာရင်လည်း မေမေအချစ်ကြောင့် သားချစ်ရတဲ့သူလည်းမေမေ့ကြောင့်မပူလောင်စေရပါဘူးမေမေ  ပေးနိုင်တာ ချစ်ခြင်းမေတ္တာ သားလေး ပြန်ပေးရမှာက အသိပညာ အတတ်ပညာပြည့်စုံတဲ့အမျိုးကောင်းသားလေး လူပီသကိုယ်ချင်းစာတရားရှိတဲ့ယောက်ျားကောင်းအဖြစ်ရှိပေးရမှာ သားကိုချစ်ခင်သူတိုင်း သားနဲ့ပတ်သက်မိသူတိုင်း စိတ်ချမ်းသာကြပါစေ ကောင်းမွန်သောအရာတွေသာဝေမျှနိုင်တဲ့ယောက်ျားကောင်းဖြစ်ပါစေ မေမေရေးတဲ့စာတွေ သားလေးတနေ့ပြန်ဖတ်ပြီး ကြည်နူးစွာပြုံးနိုင်ပါစေ💐" ဆိုပြီး သားလေးအကြောင်းကို ကြည်နူးစွာနဲ့ လူမှုကွန်​ယက်​ပေါ်မှာ​ဝေမျှ​ပေးထားတာပါ​။

သားလေးအကြောင်းကို တစိမ့်စိမ့်တွေးရင်း ကြည်နူးနေတဲ့ မေမေ မယ်လိုဒီကတော့ အရမ်းကို ချစ်တတ်လွန်းတဲ့ မေမေပါပဲ။ အိမ်​ထောင်​ကျပြီး​နောက်​ပိုင်းမှာ တစ်​နေ့တစ်​ခြား ပိုပိုပြီးလှလာတဲ့ မယ်လိုဒီ​က​တော့ လတ်​တ​လောမှာ သား​လေးကို ထိန်းရင်း​အနုပညာအလုပ်​တွေ ဆက်​တိုက်​လုပ်​ဖြစ်​နေတာပဲ ဖြစ်​ပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​တွေလည်း အရမ်းကို လိမ္မာလွန်းတဲ့ မယ်လိုဒီရဲ့သားသားလေးကိုချစ်​ရင်​Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat credit-momolay.com
Source:Melody Myo's Facebook

POPULAR POSTS

ads