Breaking

Tuesday, October 8, 2019

အသက်အရွယ် ဆိုတဲ့စကားလုံးကို တွဲသုံး တွဲ​ရေး ​နေကျပေမယ့် တကယ်တော့ထပ်တူမကျဘူးဆိုတဲ့ အေးမြတ်သူ

 သရုပ်ဆောင် မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ အေးမြတ်သူ ဟာဆိုရင် သရုပ်ဆောင်မှုအပိုင်းမှာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေတင်ဆင်ပေးခဲ့တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ အေးမြတ်သူ ပြောပြထားတဲ့ အကြောင်းအရာတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်နော်။



 သရုပ်ဆောင် အေးမြတ်သူက စစ်ကားရုပ်ရှင်ကားကြီးကို သရုပ်ဆောင်နေတိုး၊ ကျော်ကျော်ဗို၊ ထူးအောင် ၊ အနုပညာရှင်များစွာနဲ့အတူ သရုပ်ဆောင်ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။သူမအပါအဝင် ၊ ထွန်းထွန်း၊ ရန်အောင် တို့နဲ့ ရိုက်ကူးထားတဲ့ တန်ဖိုးရုပ်ရှင် ဇာတ်ကားကြီးကလည်း စက်တင်ဘာလ (၁၂) ရက်နေ့မှာ ရုံတင်ပြသခဲ့ပြီး ပရိသတ်အားပေးမှုများစွာရရှိခဲ့ပါတယ်။ဒီတစ်ခါမှာတော့ အေးမြတ်သူက အသက်အရွယ် ဆိုတဲ့စကားလုံးကို တွဲသုံး တွဲ​ရေး ​နေကျပေမယ့် တကယ်တော့ထပ်တူမကျဘူးဆိုပြီး ပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
အေးမြတ်သူ က " ကျမ အတွက် အသက် ဆိုတာ သတ်မှတ်ထားတဲ့ ကိန်ဂဏန်းတခု .... အရွယ်ဆိုတာ ကိုယ့်စိတ်တည်​နေရာ ​နေရာ​လေးတခု....
အသက်အရွယ် လို့သာ တွဲသုံး တွဲ​ရေး ​နေတာ
အသက်နဲ့အရွယ် ထပ်တူကြတယ်ဆိုတာ တဖြည်းဖြည်း။ ကိန်းဂဏန်းတိုးလာတာနဲ့အမျှ အဆင်မ​​ပြေတော့ဘူး..... ဒီ​တော့ ကိန်းဂဏန်းတိုးလာတဲ့ ကျမတို့တ​တွေကိုယ့်စိတ်တည်​နေရာ​လေး မှာ ​ပေါ့​ပေါ့ပါးပါး​လေး ​နေကြရ​အောင် ​နော် ..ပေါ့ပျက်ပျက် နဲ့ ​ပေါ့​ပေါ့ပါပါး စလုံး​ပေါင်းမတူသလို အဓိပ္ပါယ်လည်း မတူပါဘူးရှင် ... .သိမ်းထားသင့်တာ​တွေကို သိမ်းထားရင်း ....ထားခဲ့ သင်တာ​တွေ ကို ထားခဲ့မှာ .... ကိုယ်စိတ်တည်​နေရာ​လေးကို အမြန်ဆုံးရှာ​ဖွေ​တွေ့ရှိနိုင်ကြပါ​စေရှင် 🙏🙏🙏🙏🙏🙏🙏" ဆိုပြီးပြောထားပါတယ်။အေးမြတ်သူ ရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ပရိသတ်ကြီးလည်း အေးမြတ်သူ ပြောထားတဲ့ အကြောင်းကို ပရိသတ်တွေ သဘောကျလိမ့်မယ်ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Moekalay
Source;aye myat thu

POPULAR POSTS

ads