Breaking

Friday, October 4, 2019

ရေခပ်ရာမှ ရေတွင်းအတွင်း ပြုတ်ကျ၍ ဘုန်းကြီးတပါး ပျံလွန်တော်မူ

 ရေခပ်ရာမှ ရေတွင်းအတွင်း ပြုတ်ကျ၍ ဘုန်းကြီးတပါး ပျံလွန်တော်မူ
၄.၁၀.၂၀၁၉ ရက်နေ့၊ (၁၉:၁၀) အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ပဲခူးစုရပ်ကွက်၊ မဂ္ဂင်ရိပ်သာ ဘုန်းကြီးကျောင်းမှ ဘုန်းကြီးတစ်ပါး ရေတွင်းတွင် ရေခပ်ရာမှ ရေတွင်းအတွင်း ပြုတ်ကျ၍ ပျံလွန်တော်မူနေကြောင်း သတင်းရရှိသဖြင့်

 သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ ရန်ကုန်တောင်ပိုင်းခရိုင်မီးသတ်ဦးစီးမှူးရုံးမှ လူနာတင်ယာဉ်(၁)စီး၊ ကွပ်ကဲမှုယာဉ်(၁)စီး၊ နာရေးကူညီမှုအသင်း(သန်လျင်)မှ လူနာတင်ယာဉ်(၁)စီး၊သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦးတို့ဖြင့် သွားရောက်ဆယ်ယူရာ (၂၁:၄၀) အချိန်တွင် ဆယ်ယူရရှိပြီး နာရေးကူညီမှုအသင်း(သန်လျင်)မှ လူနာတင်ယာဉ်ဖြင့် သန်လျင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။
Myanmar Fire Services Department

POPULAR POSTS

ads