MRTV 4 မှာ ထုတ်လွှင့်ပြသခဲ့တဲ့ မြန်မာ့ရုပ်သံဇာတ်လမ်းတွဲတွေရဲ့ ပရိသတ်အချစ်တော်မင်းသမီးချောလေး (၃)ဦးကတော့ အောင်မြင်မှုရရှိလာခဲ့ပြီးချိန်မှာ အနုပညာနာမည်များပြောင်းလဲခဲ့ကြပါတယ်။ အောင်မြင်ပြီးနောက် အနုပညာအမည်တွေပြောင်းခဲ့ကြတဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသမီးတွေကတော့…
(၁)ဝင့်ယမုံနိုင်
MRTV 4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ ” ကျမက မဟေသီ ” ရုပ်သံဇာတ်လမ်းတွဲကြီးထဲက ပရိသတ်အချစ်တော် “စံမြှန်း” အဖြစ်သိကြတဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ အနုပညာလောကထဲကို ခြေချပြီး (၄၊၅) နှစ်အကြာမှာတော့ သူမရဲ့ နာဂိုမှုလ အနုပညာရှင်နာမည်ဖြစ်တဲ့ “ဝင့်ယမှုန်လှိုင်”ကနေမှ သူမရဲ့ နာမည်အရင်းဖြစ်တဲ့ ” ဝင့်ယမုံနိုင် ” သို့ ပြောင်းခဲ့တာလည်ဖြစ်ပါတယ်။သူရဲ့ စီးပွားရေး၊လူမှုရေး၊ကျန်မာရေးရော အစစအရာရာအတွက်လိုအပ်လို့ ပြောင်းလိုက်တာလို့ပြောခဲ့ပါတယ်။
MRTV 4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေရဲ့ ပင်တိုင်မင်းသမီးလို့တောင်ဆိုရတဲ့ မင်းသမီးချောလေး ခြူးလေးကတော့ သူမရဲ့အသက်(၂၄)နှစ်ပြည့် မွေးနေ့မှာတော့ သူမရဲ့ နာဂိုမှုလ အနုပညာရှင်နာမည်ဖြစ်တဲ့ “နေအဉ္စရာ” ကနေ လက်ရှိနာမည်ဖြစ်တဲ့ ” ခြူးလေး ” လို့ပြောင်းခဲ့ပါတယ်။သူနာမည်စပြောင်းခဲ့ချိန်မှာတော့ အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါသေးတယ်။
MRTV -(4) မှာ နာမည်ကြီးနေခဲ့တဲ့ တတိယမြောက်ဆုံမှတ်ကားထဲမှာ ယွန်းမေခအနေနဲ့ လက်ရှိမှာ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ မြတ်သူသူကတော့ သူမရဲ့ နာဂိုမှုလ အနုပညာရှင်နာမည်ဖြစ်တဲ့ “မြတ်သူသူဇင်” ကနေ နောက်ဆုံးနာမည်ဖြစ်တဲ့ ဇင် ကိုဖြုတ်ကာ “မြတ်သူသူ” ဆိုပြီး ပြောင်းခဲ့ပါတယ်။အသိဆရာတွေ ဘုန်းကြီးတွေရဲ့ ဆော်သြမှုကြောင့်အပြင် နာမည်ကြောင့် ကျန်မာရေးကအစ အဘက်ဘက်ကအတိုက်အခိုက်တွေ ဝင်နေခဲ့တာကြောင့် နာမည်ရဲ့ အဆုံး ” ဇင် ” ဆိုတဲ့ စကားလုံးလေးကို ဖြုတ်ကာ ” မြတ်သူသူ ” ဆိုတဲ့ နာမည်လေးကို ပေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။
CeleGabar ပရိသတ်ကြီးရေ MRTV 4 မှာ ထုတ်လွှင့်ပြသခဲ့တဲ့ မြန်မာရှပ်သံဇာတ်လမ်းတွဲတွေရဲ့ ပရိသတ်အချစ်တော်မင်းသမီးချောလေး (၃)ဦးထဲက ဘယ်သူကို အချစ်ဆုံးလဲ။
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်
credit-celegabar.com
Wednesday, October 23, 2019
Home
/
Celebrity
/
” အောင်မြင်ပြီးနောက် အနုပညာအမည်တွေပြောင်းခဲ့ကြတဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသမီးများ “
” အောင်မြင်ပြီးနောက် အနုပညာအမည်တွေပြောင်းခဲ့ကြတဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသမီးများ “
Tags
# Celebrity
About Phyo Lay
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity