Breaking

Wednesday, October 30, 2019

စိန်ခေါ်သူ ဘရန်ဒန်ဗီရာ နဲ့ ယှဉ်ပြိုင်ရင်း ထိခိုက်ခဲ့တဲ့ လက်မကို ခွဲစိတ်လိုက်ပြီဆိုတဲ့ အောင်လအန်ဆန်း

 မြန်မာတွေ အမြဲဂုဏ်ယူနေရတဲ့ မြန်မာနိုင်ငံဖွား ကမ္ဘာ့ချန်ပီယံကြီးတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်း ဟာဆိုရင် အောက်တိုဘာ(၁၃ )ရက်နေ့က စိန်ခေါ်သူ ဖိလပိုင်းနိုင်ငံမှ ဘရန်ဒန်ဗီရာ နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရာမှာ အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်ခိုက်စဉ် အောင်လအန်ဆန်းက လက်မကို ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ပရိသတ်တွေအတွက် လက်မကို ခွဲစိတ်လိုက်ပြီ ဆိုတဲ့ အောင်လအန်ဆန်း အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

 အောင်လအန်ဆိုင်း က သူထိခိုက်သွားတဲ့ လက်မကို ခွဲစိတ်ကုသပြီးဖြစ်ကြောင်းကို ခုလိုပြော ထားပါတယ်။အောင်လအန်ဆန်း က "ထိခိုက်မိသွားတဲ့လက်မကိုနေသားသကျဖြစ်အောင်ပြန်ခွဲစိတ်ကုသပြီးပါပြီ!..အခုတော့နဂိုအတိုင်းပြန်ပြီးအရင်လိုလုပ်စရာရှိတဲ့အရာတွေကိုလုပ်ဆောင်နိုင်ပါတော့မယ်...အားလုံးပဲ.ကောင်းမွန်တဲ့ရက်သတ္တပတ်ဖြစ်ပါစေ..🙏
Thumb is pinned backed in place! We are back in business. 🙏🏽 have a blessed week."ဆိုပြီး ပြောထားပါတယ်။

အောင်လအန်ဆိုင်းကတော့ ပွဲတိုင်းကို အနိုင်နဲ့ သိမ်းပိုက်ခဲ့သူဖြစ်သလို နောက်ထပ် နိုင်ငံတကာပွဲများမှာလည်း သူ့ရဲ့ ယှဉ်ပြိုင်မှုတွေကို ပရိသတ်တွေအနေနဲ့ စောင့်မျှော် အားပေးဖို့ မျှော်လင့်ပါတယ်။ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;aung la nsang

POPULAR POSTS

ads