Breaking

Sunday, October 27, 2019

သမီးလေးနဲ့ ပွဲတက်တဲ့အခါ ပရိသတ်တွေက သမီးလေးကို ပိုစိတ်ဝင်စားတဲ့ အကြောင်းပြောလာတဲ့ ခိုင်နှင်းဝေ

 နိုင်ငံကျော်သရုပ်ဆောင် ခိုင်နှင်းဝေ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း မိသားစုနဲ့ အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူလေးပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေက သူမဦးဆောင် တဲ့ ပရဟိတအဖွဲ့ လေးနဲ့ ပြည်သူလူထု အကျိုး မရှိဆင်းရဲသားတွေ အတွက် ပရဟိတအလှူများစွာကို လုပ်ကိုင်းနိုင်တဲ့ စံပြမင်းသမီးတစ်ဦး ဆိုလည်း မမှားပါဘူး ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေ အတွက် ခိုင်နှင်းဝေက သမီးလေးကို ပရိသတ်တွေ က ဝိုင်းချစ်ကြတဲ့အကြောင်းပြောထားတာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

 ခိုင်နှင်းဝေက ခုဆိုရင် မိဘမဲ့ ကလေးများကိုလည်း ပြုစုစောင့်ရှောက်တဲ့ မွန်မြတ်တဲ့ အလုပ်တွေကို လုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ခိုင်နှင်းဝေက သူ့ရဲ့ မွေးစားထားတဲ့ သမီးလေးကို သဲသဲလှုပ်ချစ်နေတာပါ။ ကိုယ်တိုင်မွေးထားတာ မဟုတ်ပေမယ့် သူ့ရဲ့ သွေးသားအရင်းလိုပဲ မိခင်မေတ္တာအပြည့်အဝ ပေးပြီး သမီးလေးကို ပြုစုစောင့်ရှောက်နေတာပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ သွေးသားအရင်မဟုတ်ပေမယ့် သူမရဲ့ ဂေဟာ ရောက်လာတဲ့ သားသမီးတွေကို မိခင်အရင်းလို ပြုစုနေတဲ့ ခိုင်နှင်းဝေ ရဲ့ စိတ်ဓာတ်လေးက လေးစားလောက်ပါတယ်။


ဒီတစ်ခါမှာတော့ ခိုင်နှင်းဝေ က သမီးလေးနဲ့ပွဲတက်တဲ့အခါ သူမ ထက်သမီးလေးကို ပရိသတ်တွေကို ပိုပြီး စိတ်ဝင်တစားရှိတဲ့ အကြောင်းကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ခုလို ပြောထားပါတယ်။“အရင်ကများ ပွဲတက်ပြီဆို ပရိသတ်တွေက အမနဲ့ ဓာတ်ပုံ ရိုက်ချင်ပါတယ် ဆိုပြီး လာကြတယ် အခုများဆို ရွှန်းရွှန်းလေး မပါဖူးလား? သမီးလေးကော? ဆိုတာနဲ့တင် စကြတယ် ဟော မမရွှန်း နဲ့များ ပွဲတူတူ တက်လိုက်မိလို့ကတော့ ကျမ ဆိုတာ သူ့ မန်နေဂျာ ကြီးကိုဖြစ်လို့ 😁သမီးလေးချစ်လိုက်တာ ချီ ချင်လိုက်တာ ဓာတ်ပုံ တွဲရိုက်ချင်လိုက်တာ နဲ့ သူ့နားချည်းဝိုင်းနေတာ ❤❤ မမရွှန်း ဆိုသည်မှာလည်း ရုပ်ရှင် ရုံထဲ ခေါ်သွားတာနဲ့ သူသိသူတတ်တဲ့ တိုင်း ကြည့်နေတာ ကိုယ်ဖြင့် တော်တော် တောင် အံ့ဩသွားတယ် ဒီမေမေတော့ ရုပ်ရှင် ကြည့်တိုင်း အဖော်ရှာစရာမလိုတော့ဖူး သမီးလေးနဲ့ အဖော်ရပီဆိုပြီး ပီတိတွေဖြစ်နေရပြန်ကော ❤❤❤❤” ဆိုပြီးပြောထားပါတယ်။သမီးလေးနဲ့ ပွဲတက်တဲ့အခါ ပရိသတ်တွေက သမီးလေးကို ပိုစိတ်ဝင်စားတယ်လို့ ပြောလာတဲ့ ခိုင်နှင်းဝေအကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
credit-momolay

POPULAR POSTS

ads